Connect with us

Politics, Law & Military

ယခုထက် ပိုမိုကောင်းမွန် အရည်အချင်းပြည့်စုံသည့် လွှတ်တော်များဖြစ်အောင် ကြိုးစား လုပ်ဆောင် သွားရန် သူရဦးရွှေမန်း ပြောကြား

လွှတ်တော်အသစ် ခေါ်ယူရေး ဒုတိယအကြိမ် အစည်းအဝေးတွင် သူရဦးရွှေမန်းအားတွေ့ရစဉ် (ဓာတ်ပုံ- Office of H.E. Thura U Shwe Mann Facebook)

ရန်ကုန် ၊ ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ)

လွှတ်တော် အသစ်ခေါ်ယူရေးနှင့် ပတ်သက်၍ ဆက်လက် တာဝန်ယူ ကြမည့် လွှတ်တော် နှင့် လွှတ်တော် ကိုယ်စားလှယ်များသည် မိမိတို့ ဆောင်ရွက်ချက်များအပေါ် သင်ခန်းစာရယူပြီး ယခုထက်ပိုမိုကောင်းမွန်သည့်၊ အရည်အချင်း ပြည့်စုံသည့် လွှတ်တော်များဖြစ်အောင် ကြိုးစား လုပ်ဆောင် သွားရမည် ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ယနေ့ဇန်နဝါရီလ ၁၄ ရက် နံနက်ပိုင်းတွင် နေပြည်တော်၌ ပြုလုပ်သော လွှတ်တော်အသစ် ခေါ်ယူရေးအတွက် ဗဟို ကော်မတီ နှင့်လုပ်ငန်းကော်မတီများ၏ ဒုတိယအကြိမ် အစည်း အဝေးတွင် ထည့်သွင်း ပြောကြားခဲ့သည်။

အစည်းအဝေး၌ ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက လွှတ်တော် ခေါ်ယူ ကျင်းပခြင်းနှင့် ပတ်သတ်၍ ဆက်လက်လုပ်ဆောင်ရမည့် ကိစ္စများကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေ နှင့် တည်ဆဲ ဥပဒေများ အတိုင်း ဆက်လက် ဆောင်ရွက် ရမည်ဖြစ်ကြောင်း ၊ လွှတ်တော်တွင် လူတော်၊ လူကောင်း များ ပါဝင်လာရေးနှင့် နိုင်ငံကိုအုပ်ချုပ်ရာတွင် လူတော်၊ လူကောင်းများ ပါဝင်လာရေးအတွက် နောင် အစဉ် အဆက် ပြည်သူများက ရွေးချယ်သွားကြရမည်ဖြစ်ပါကြောင်း၊ နိုင်ငံက လိုလားတောင့်တနေသည့် ပါတီစုံဒီမိုကရေစီနှင့် ဈေးကွက်စီးပွားရေးစနစ် တည်ဆောက်ရာတွင် လွှတ်တော်အပိုင်းက ပါဝင် ဆောင်ရွက်ခြင်း ပင်ဖြစ်ပါကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် မိမိတို့ ကိုယ်စီ တာဝန်ကျေမကျေ သုံးသပ်ရန် လိုကြောင်း စသည်တို့ကို ထည့်သွင်း ပြောကြားခဲ့သည်။

လွှတ်တော်အသစ် ခေါ်ယူရေး ဒုတိယအကြိမ် အစည်းအဝေးသို့ တက်ရောက်လာသူများကို တွေ့ရစဉ် (ဓာတ်ပုံ- Office of H.E. Thura U Shwe Mann Facebook)

အစည်းအဝေးသို့ ပြည်ထောင်စုလွှွှတ်တော်နာယက နှင့် အတူ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမြညိမ်း၊ ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေး နှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ပြည်ထောင်စုလွှွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ နှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.