Connect with us

Politics, Law & Military

လှိုင်သာယာမြို့တွင်း၌ ဓားထောက်ကာ ငွေကျပ် သိန်း၂၃၀ကျော်နှင့် ရွှေထည်ပစ္စည်းများကို လုယူသွားသူအား ၂၇ နာရီတွင်း ဖမ်းမိ

ဖမ်းဆီးရမိသော သက်သေခံပစ္စည်းများကို တွေ့ရစဉ် (ဓာတ်ပုံ-Yangon Police)

ရန်ကုန်၊ ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ)

လှိုင်သာယာမြို့နယ် အမှတ်(၄)ရပ်ကွက် FMI City (ပဒေသာပင်မြို့တော်) ယမင်းရွှေဝါလမ်းရှိ နေအိမ်တွင် ဓားထောက်ကာ ငွေကျပ် သိန်း၂၃၀ကျော်နှင့် ရွှေထည်ပစ္စည်းများကို လုယူသွားသူအား ၂၇ နာရီတွင်း ဖမ်းဆီးရမိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်။

အဆိုပါ နေအိမ်တွင် အိမ်ရှင်များ မရှိခိုက် အသက်၂၀ အရွယ် အိမ်အကူမိန်းကလေးကို ဓားထောက်ကာ မီးခံသေတ္တာထဲမှ အမေရိကန်ဒေါ်လာ၊ စင်ကာပူဒေါ်လာ အပါအဝင် မြန်မာကျပ်ငွေ သိန်း ၂၃၀ကျော်နှင့် ရွှေထည်ပစ္စည်းများကို လုယက်ယူဆောင်ကာ အိမ်အကူအမျိုးသမီးကို အဓမ္မပြုကျင့်ခဲ့သူအား ဇန်နဝါရီ ၁၄ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ တိုက်ကြီးမြို့နယ်တွင် သက်သေခံပစ္စည်းများ နှင့် အတူ ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ အမှုကို စုံစမ်းဖော်ထုတ်ရန် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးက တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးနှင့် မြောက်ပိုင်း ခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော အထူးအမှုစစ်အဖွဲ့ ဖွဲ့စည်းကာ စုံစမ်း စစ်ဆေးလျက်ရှိပြီး အဆိုပါ ဖမ်းဆီးရမိသူ လှိုင်သာယာမြို့နယ်တွင် နေထိုင်သော အသက် ၃၀ အရွယ်ရှိ တရားခံ သက်ယုဇော်ဆိုသူကို ပုဒ်မ-၃၈၆/၃၇၆ ဖြင့် လှိုင်သာယာမြို့မ ရဲစခန်း၌ အမှုဖွင့်အရေးယူထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.