Connect with us

Politics, Law & Military

တာလေ-ကျိုင်းလပ်သွား ကားလမ်း နမ့်ကိုင်းရွာအနီးတွင် ကျပ်သိန်း ၂၁၀၆ သိန်းဖိုးရှိ မူးယစ်ဆေးဝါးများအား ဖမ်းဆီးရမိ

ဖမ်းဆီးရမိသော မူးယစ်ဆေးဝါး အချို့ကိုတွေ့ရစဉ် (ဓာတ်ပုံ-တာချီလိတ်မူးယစ်/ဖေ့စ်ဘွတ်)

ရန်ကုန်၊ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ)

တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့နယ်၊ မိုင်းပါလျှိုးအုပ်စု၊ တာလေ-ကျိုင်းလပ်သွားကားလမ်း နမ့်ကိုင်းရွာအနီးတွင် ၁၃-၁-၂၀၁၆ ရက်နေ့၌ ကျပ်သိန်းပေါင်း(၂၁၀၆)သိန်းကျော်ခန့် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း တာချီလိတ် မူးယစ်အဖွဲ့ မှ သတင်းထုတ်ပြန်သည်။

၁၃-၁-၂၀၁၆ ရက်နေ့ ၀၄း၁၅ နာရီ အချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ အမှတ်(၃၁၆)ခြေမြန်တပ်ရင်း ရှေ့တန်းတပ်စခန်းမှတပ်ဖွဲ့ဝင်များ၊ စစ်ဘက်ရေးလုံခြုံရေးတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ မိုင်းပါလျှိုးနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့် သတင်း ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ တာချီလိတ် ခရိုင်၊ ကျိုင်းလပ်မြို့နယ်၊ မိုင်းပါလျှိုးအုပ်စု၊ တာလေ-ကျိုင်းလပ်သွား ကားလမ်းမ နမ့်ကိုင်းရွာ အနီး ကျိုင်းလပ်ဘက်မှ တာလေဘက်သို့ မောင်းနှင်လာသည့် 1H/1757 နံပါတ်ပါ VIGO တစ်ခန်းခွဲ အမျိုးအစား အနက်ရောင် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးစဉ် ယာဉ်မောင်းနှင့် ဘေးမှ လိုက်ပါလာသူတို့(၂)ဦးမှာ ထွက်ပြေးတိမ်းရှောင်သွားသဖြင့် အဆိုပါ ယာဉ်အား စစ်ဆေးခဲ့ရာ ယာဉ်နောက်ခန်းအတွင်းမှ ကဖင်း(၁)အိတ်လျှင် အလေးချိန် (၂၅)ကီလိုခန့်စီပါ (၁၉)အိတ်၊ စုစုပေါင်းအလေးချိန် (၄၇၅)ကီလို၊ ကာလတန်ဖိုး ကျပ်သိန်းပေါင်း(၃၅၆.၂၅)သိန်း ခန့် တွေ့ရှိသဖြင့် ကဖင်းများ ပိုင်ရှင် (တိမ်းရှောင်)တရားခံများအား မိုင်းပါလျှိုးနယ်မြေရဲစခန်း မယ(ပ)၁/၂၀၁၆၊ မူး/စိတ် ပုဒ်မ ၁၆(ခ)အရ အရေးယူဆောင်ရွက်ထားရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။

ဆက်လက်၍ ၀၄း၄၀ နာရီ အချိန်တွင် ပူးပေါင်းအဖွဲ့သည် အဆိုပါ နမ့်ကိုင်းရွာအနီးတွင် တာလေဘက်မှ ကျိုင်းလပ်ဘက်သို့ မောင်းနှင်လာသည့် ၃ဃ/၃၄၉၅ နံပါတ်ပါ Pajero IO အမျိုးအစား အဖြူရောင် မော် တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ရှေ့ခန်း ခြေနင်းနေရာ၌ ဆာလာအိတ်ဖြင့် ထည့်ထားပြီး အဝါရောင် ရှမ်းစက္ကူဖြင့် ထည့်လျက် WY စာတမ်းပါ ပန်းရောင် စိတ်ကြွဆေးပြား (၂၀၀၀)ပြားစီပါ (၃၅)ထုပ်၊ စုစုပေါင်းဆေးပြား (၇၀,၀၀၀)ပြား၊ အလေးချိန် (၇)ကီလိုဂရမ်ခန့်၊ ကာလတန်ဖိုး ကျပ်သိန်းပေါင်း (၁၇၅၀)သိန်းခန့်အား တွေ့ရှိသဖြင့် သယ်ဆောင်လာသူ (၃)ဦးအား မိုင်းပါလျှိုးနယ်မြေရဲစခန်း မယ(ပ)၂/၂၀၁၆၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၁ အရ အရေးယူဆောင်ရွက်ထားရှိကြောင်း သိရသည်။

၎င်းနေ့တွင် ဖမ်းဆီးရမိသည့် စုစုပေါင်း တန်ဖိုးသည် ကျပ ကျပ်သိန်းပေါင်း ၂,၁၀၆ သိန်းကျော်ခန့် ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.