Politics, Law & Military
ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေးကော်မရှင် မောင်တော ဒေသသို့ မြေပြင် ကွင်းဆင်းစစ်ဆေးမှုများ စတင် ဆောင်ရွက်
ရန်ကုန် ၊ ဒီဇင်ဘာ ၁၂ ရက်(ဆင်ဟွာ)
ရခိုင်ပြည်နယ် မောင်တောဒေသ တွင် အောက်တိုဘာ ၉ ရက် ၊ နိုဝင်ဘာ ၁၂ ၊ ၁၃ ရက် တို့တွင် ဖြစ်ပွား ခဲ့သော အကြမ်းဖက် တိုက်ခိုက် ခံရမှုများ အပေါ် ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေးကော်မရှင် ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင် များသည် မောင်တော ဒေသ အတွင်း မြေပြင် ကွင်းဆင်း စစ်ဆေးမှုများကို ဒီဇင်ဘာ ၁၁ ရက်တွင် စတင် ဆောင်ရွက်ခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက် အရ သိရသည်။
ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေးကော်မရှင်သည် မောင်တောမြို့ ငါးခူရကျေးရွာရှိ အမှတ်(၁) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ ၊ ငါးခူရကျေးရွာ ၊ ပွင့်ဖြူချောင်းကျေးရွာ ၊ ပြောင်ပိုက်ကျေးရွာ ၊ ဝါးပိတ်ကျေးရွာ ၊ ကျီးကန်းပြင် ကွပ်ကဲမှုဌာနချုပ် ကင်းစခန်း ၊ ကျီးကန်းပြင် အမှတ်(၁) နယ်ခြားစောင့်ရဲကွပ်ကဲမှုဌာနချုပ် များသို့သွားရောက်၍ အကြမ်းဖက်မှုဖြစ်စဉ်နှင့် ပတ်သက်၍ သိရှိလိုသည်များကို အသေးစိတ်မေးမြန်းခဲ့ကြကြောင်း သိရသည်။
မောင်တောဒေသ တွင် ဖြစ်ပွား ခဲ့သော အကြမ်းဖက်တိုက်ခိုက်ခံရမှုများ အပေါ် ဖြစ်ပွားရ သည့်နောက်ခံ အခြေအနေ များနှင့် အဖြစ်မှန်ပေါ်ပေါက်စေရေး စုံစမ်းစစ်ဆေးရန်နှင့် နောင် အလားတူဖြစ်စဉ်မျိုး ထပ်မံမဖြစ်ပွားစေရေး ဖြစ်စဉ် များနှင့် ပတ်သက်၍ ဆောင်ရွက်မှုတွင် နိုင်ငံတော်၏ တည်ဆဲ ဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆောင်ရွက်ခဲ့ခြင်း ရှိ၊ မရှိတို့ကို စစ်ဆေး သုံးသပ်အကြံပြုတင်ပြနိုင်ရန် ဖြစ်ကြောင်း သိရသည်။
ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေးကော်မရှင်၏ စုံစမ်းစစ်ဆေးရေးအစီရင်ခံစာကို နိုင်ငံတော်သမ္မတထံ သတ်မှတ်ချိန်အမီ တင်ပြမည်ဖြစ်ကြောင်း သိရသည်။(Xinhua)