Connect with us

Politics, Law & Military

ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများကိစ္စအား ဖြေရှင်းရာတွင် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ အနေဖြင့် နှစ်ဖက်ညှိနှိုင်းတိုင်ပင် ဆောင်ရွက်သွားမည်

ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေနှင့် ဘင်္ဂလားဒေ့ရှ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ အဘူအာဆန်မာမွတ်အာလီတို့အားတွေ့ရစဉ် (ဓာတ်ပုံ-- နိုင်ငံတော်အတိုင်ပင်ခံရုံး)

ရန်ကုန်၊ သြဂုတ် ၁၀ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများကိစ္စအား ဖြေရှင်းရာတွင် မြန်မာ နှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံတို့သည် အိမ်နီးချင်း ကောင်းပီသစွာဖြင့် နှစ်ဖက်ညှိနှိုင်းတိုင်ပင် ဆောင်ရွက်သွားရန်နှင့် နှစ်နိုင်ငံအကြားစီးပွားရေးနှင့် ကုန်စည်ကူးသန်း ရောင်းဝယ်ရေးဆိုင်ရာကိစ္စရပ်များ တိုးမြှင့်ဆောင်ရွက်သွားရန် သဘောတူညီခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။

၂၀၁၈ ခုနှစ် သြဂုတ်လ (၁၀) ရက်နေ့တွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ မြန်မာနိုင်ငံ နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့အကြား ဝန်ကြီးအဆင့်အစည်းအဝေးတစ်ရပ် ကျင်းပခဲ့ပါသည်။ အဆိုပါ အစည်းအဝေးတွင် ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလအတွင်းက နှစ်နိုင်ငံ လက်မှတ်ရေးထိုးထားသည့် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများနှင့်စပ်လျဉ်း၍ ဆောင်ရွက်မည့်အစီအစဉ်အား အကောင်အထည်ဖော်ရေး နှင့် ပတ်သက်ပြီး အမြင်ချင်းဖလှယ် ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအစည်းအဝေးအား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေနှင့် ဘင်္ဂလားဒေ့ရှ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ အဘူအာဆန်မာမွတ်အာလီတို့မှ ပူးတွဲသဘာပတိများအဖြစ် ဆောင်ရွက်ခဲ့ပြီး အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်ကိုယ်စားလှယ်အဖွဲ့ဝင်များတက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင်ချက်ပေါင်း ၈ ချက်အား သဘောတူခဲ့ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ ၎င်းသဘောတူညီသည့် အချက်များမှာ မကြာသေးမီက ကော့(ဇ်)ဘဇားသို့ ထွက်ပြေးတိမ်းရှောင်သွားသည့် ရခိုင်ဒေသမှ နေရပ် စွန့်ခွာသွားကြသူများအား ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်ကို ဆောလျင်စွာစတင်နိုင်ရန် နှစ်နိုင်ငံအကြား သဘောတူညီခဲ့ကြောင်း၊ ပြန်လည်လက်ခံရေး ဆောင်ရွက်ရာတွင် မိမိ ဆန္ဒအလျောက် လုံခြုံစိတ်ချစွာနှင့် ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်နိုင်ရေး ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ သို့ဖြစ်၍နှစ်နိုင်ငံဝန်ကြီးများအကြား ပြန်လည်လက်ခံရေးဆိုင်ရာ ကိစ္စရပ် များကို ဆွေးနွေးရာတွင် အဆင်ပြေချောမွေ့စေရေး အတွက်တိုက်ရိုက် အဆက်အသွယ်မှု ပြုနိုင်မည့် HOTLINE တစ်ခုထူထောင်ထားပြီးဖြစ်ကြောင်း သိရသည်။

နှစ်နိုင်ငံအကြား သဘောတူထားသည့် စိစစ်ရေးပုံစံ (VERIFICATION FORMS) များကို ကော့(ဇ်)ဘဇားတွင် ရောက်ရှိနေသည့် နေရပ်စွန့်ခွာသွားသူမျာထံ ဖြန့်ဝေရေးနှင့် ပုံစံများကို ၎င်းတို့ကိုယ်တိုင် ဖြည့်စွက်နိုင်ရန် သဘောတူညီခဲ့ကြောင်း၊ ထို့ပြင် မြန်မာ အစိုးရအနေဖြင့် စိစစ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အထောက်အကူပြုစေရန်နှင့် နေရပ်စွန့်ခွာသွားသူများသည် ၎င်းတို့ဆန္ဒအလျောက် ပြန်လည်ဝင်ရောက်လိုခြင်း ဖြစ်ကြောင်းအား သက်သေပြနိုင်မည့် ပြန်လည်ဝင်ရောက်လိုသူ၏လက်မှတ်၊ လက်ဗွေနှင့် ဓါတ်ပုံများအား ပုံစံများတွင်ထည့်သွင်းဖြည့်စွက်သွားစေရန်အတွက်လည်းနှစ်နိုင်ငံအကြား သဘောတူညီခဲ့ကြောင်း သိရသည်။

သင်္ဂဟဟိုတယ်၌ မြန်မာနိုင်ငံ နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့အကြား ဝန်ကြီးအဆင့်အစည်းအဝေးတစ်ရပ် ကျင်းပစဉ် (ဓာတ်ပုံ–နိုင်ငံတော်အတိုင်ပင်ခံရုံး)

ပြန်လည်လက်ခံရေးအစီအစဉ်တွင် သဘောတူထားသည့်အတိုင်း မြန်မာအစိုးရအနေဖြင့် ယာယီလက်ခံရေးစခန်း(၂)ခုနှင့် ကြားစခန်း (၁)ခု ဖွင့်လှစ်ထားပြီး ဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံအနေဖြင့် ဆောင်ရွက်ရန်သဘောတူထားသည့် ယာယီစခန်း(၅)ခု အနက် စခန်း (၁) ခုအား ဆောက်လုပ်ပြီးဖြစ်ကြောင်း၊ ယာယီစခန်း (၁)ခုမှ ဆောက်လုပ်ဆဲ ဖြစ်ကြောင်း၊ ယာယီစခန်း (၃) ခုမှာ ဆောက်လုပ်ရန် ကျန်ရှိနေသေးကြောင်းကို အတည်ပြု ပြောကြား ခဲ့သည်။

ထို့ပြင် အကြမ်းဖက်မှုနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးတွင် ပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်တင် ဆောင်ရွက်သွားရန်အတွက် သတင်းများ အပြန်အလှန် ဖလှယ်ရေး၊ နှစ်နိုင်ငံ နယ်စပ် လုံခြုံရေးအတွက် တာဝန်ရှိသူများအကြား နီးကပ်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ နယ်ခြားစောင့် တပ်ဖွဲ့များအကြား ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးတို့ကို နှစ်နိုင်ငံအကြား သဘောတူညီခဲ့ကြောင်း သိရသည်။

မြန်မာနှင့်ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံအကြား နိုင်ငံတကာ နယ်နိမိတ်တွင် နေထိုင်လျက် ရှိသူများ၊ အထူးသဖြင့် နိုင်ငံတကာ နယ်နိမိတ်နှင့်မြန်မာနိုင်ငံပိုင်နက် နယ်မြေပေါ်တွင် တည်ဆောက်ထားသည့် ခြံစည်းရိုးအကြား နေထိုင်နေသူများအား ပြန်လည် လက်ခံနိုင်ငံရေးအတွက် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ပြုလုပ်သွားရန် နှစ်နိုင်ငံအကြား သဘောတူညီခဲ့ပါသည်။

ထို့ပြင် အဆိုပါ မြန်မာပိုင်နက်နယ်မြေပေါ်တွင်နေထိုင်နေသူများအား လူသားချင်း စာနာ ထောက်ထားမှုပစ္စည်းများ ထောက်ပံ့ပေးသည့်ကိစ္စအား မြန်မာနိုင်ငံဘက်ရှိ အထောက် အပံ့ပေးရေး ဆိုင်ရာအဖွဲ့အစည်းများမှ ဆောင်ရွက်သွားရန်အတွက် နှစ်နိုင်ငံအကြား သဘောတူညီခဲ့သည်။

မြန်မာနိုင်ငံမှ နေရပ်စွန့်ခွာသွားသူများအား ထုတ်ပေးထားသည့် သက်သေခံ လက်မှတ်များ အပေါ်တွင် အသုံးပြုထားသည့် အသုံးအနှုန်းအား ပြန်လည်ပြင်ဆင်ပေးရန်အတွက် ဘင်္ဂလားဒေ့ရှ်ဘက်မှ သဘောတူညီခဲ့ကြောင်း၊ နှစ်နိုင်ငံနယ်နိမိတ်မှတ်တိုင် ဘီပီ-၃၄ နှင့် ဘီပီ-၃၅ အကြားရှိ နယ်စပ်မျဉ်းအား နှစ်နိုင်ငံ ပူးတွဲစစ်ဆေးမှုတစ်ရပ်ပြုလုပ်ရန် နှစ်နိုင်ငံအကြားသဘောတူညီခဲ့သည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံး ၏ သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.