Politics, Law & Military
ရန်ကုန်တိုင်းဒေသကြီး နှင့် ကရင်ပြည်နယ် လုံခြုံရေး နှင့် နယ်စပ်ရေးရာ ဝန်ကြီး ခန့်အပ် တာဝန်ပေး
ရန်ကုန် ၊ ဇူလိုင် ၁၃ ရက်(ဆင်ဟွာ)
ရန်ကုန်တိုင်းဒေသကြီး နှင့် ကရင်ပြည်နယ် အစိုးရအဖွဲ့များတွင် လုံခြုံရေး နှင့် နယ်စပ်ရေးရာ ဝန်ကြီး ၂ ဦး တို့ကို ခန့်အပ်လိုက်ကြောင်း နိုင်ငံတော် သမ္မတရုံးမှ အမိန့်အမှတ်၊ ၁၆/၂၀၁၇ အား ထုတ်ပြန်ခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေး နှင့် နယ်စပ်ရေးရာ ဝန်ကြီး အဖြစ် ဗိုလ်မှူးကြီး အောင်စိုးမိုး ၊ ကရင်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး အဖြစ် ဗိုလ်မှူးကြီး မျိုးမင်းနောင် တို့အား ခန့်အပ် တာဝန်ပေးလိုက်ကြောင်း သိရသည်။
ထိုနေရာများတွင် လုံခြုံရေး နှင့် နယ်စပ်ရေးရာ ဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ရန်ကုန်တိုင်း ဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်အောင်ထွန်း နှင့် ကရင်ပြည်နယ် လုံခြုံရေး နှင့် နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်လွင် တို့ကို စစ်ဘက်မူလတာဝန်များ ပြန်လည် ထမ်းဆောင်ရမည် ဖြစ်ကြောင်း သိရသည်။(Xinhua)