Connect with us

Politics, Law & Military

နိုင်ငံတစ်ဝန်းလုံး အာဇာနည်နေ့တွင် အလံ တိုင်ဝက် လွှင့်ထူရန် နှင့် ဥဩဆွဲ အချက်ပေးရေး ညွှန်ကြားထား

ရန်ကုန် ၊ ဇူလိုင် ၁၁ ရက်(ဆင်ဟွာ)

နှစ်(၇၀)ပြည့် အာဇာနည်နေ့တွင် ဝမ်းနည်းခြင်း အထိမ်းအမှတ် အနေဖြင့် ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော် အလံကို နိုင်ငံတစ်ဝန်းလုံး တိုင်ဝက်လွှင့်ထူရေး ၊ အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးသည့် နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် မြန်မာ့အသံ နှင့် ရုပ်မြင်သံကြားက ဥဩဆွဲ အချက်ပေးရေး နိုင်ငံတော် သမ္မတရုံးမှ အစိုးရရုံးဌာနအားလုံးသို့ ညွှန်ကြားထားကြောင်း သိရသည်။

ထို့အတူ အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးသည့် နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် သွားလာနေသည့် မော်တော်ယာဉ် များ ခေတ္တရပ်ပြီး ဟွန်းတီးစေရေးတို့အတွက် အောက်ခြေအဖွဲ့အစည်း အဆင့်ဆင့်

သို့ ဆက်လက်ညွှန်ကြားရန်လည်း ထည့်သွင်း ထုတ်ပြန်ထားသည်။

ထို့ပြင် နှစ်(၇ဝ)ပြည့် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ဗိုလ်ချုပ်အောင်ဆန်းပြတိုက် (ရန်ကုန်)၊ ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်(နတ်မောက်) နှင့် ဝန်ကြီးများရုံး (ယခင် အတွင်းဝန်ရုံး)တို့ကို ရဟန်းရှင်လူ ပြည်သူလူထုနှင့် နိုင်ငံခြားသားများ အခမဲ့ကြည့်ရှု လေ့လာနိုင်ရန် ဖွင့်လှစ် ပြသ သွားမည် ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.