Politics, Law & Military
ရှမ်းပြည်နယ် ဖယ်ခုံမြို့နယ်၌ ဘိန်းခင်းများ ဖျက်ဆီး ရှင်းလင်း

ရန်ကုန် ၊ အောက်တိုဘာ ၂၇ ရက်(ဆင်ဟွာ)
ရှမ်းပြည်နယ် ၊ တောင်ကြီးခရိုင် ၊ ဖယ်ခုံမြို့နယ် အတွင်းရှိ ဘိန်းခင်း ၄၁ ဧက အား ဖယ်ခုံ မြို့နယ် ရဲတပ်ဖွဲ့မှူး ဦးစီးသည့် ပူးပေါင်းအဖွဲ့သည် ဖျက်ဆီး ရှင်းလင်းမှုများ ဆောင်ရွက်ခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ သတင်း ထုတ်ပြန်မှု အရ သိရသည်။
ဖယ်ခုံမြို့နယ်၊ လအိကျေးရွာ၏ အရှေ့တောင်ဘက် ၂ မိုင်ခန့်အကွာ၌လည်းကောင်း၊ လတိန်ကျေးရွာ မြောက်ဘက် ၂ မိုင်ခန့်အကွာနှင့် ဘောရန်ကျေးရွာ တောင်ဘက် ၂ မိုင်ခွဲခန့်အကွာတို့၌လည်းကောင်း အမြင့် ၂ ပေမှ ၂ ပေခွဲခန့်ရှိ ဘိန်းခင်း(၄၁)ဧကအား အောက်တိုဘာလ ၂၅ ရက် ၊ နံနက် ၈ နာရီ ၃၀ မိနစ်မှ ညနေ ၅ နာရီအချိန်ထိ ဖျက်ဆီး ရှင်းလင်း ခဲ့ကြောင်း သိရသည်။
ထို့အတူ အောက်တိုဘာ ၂၃ ရက်တွင် ဖယ်ခုံမြို့နယ် လွယ်ရင်းကျေးရွာ အရှေ့ဘက် ၁ မိုင်ခန့် အကွာ ၌ အမြင့် ၁ ပေခွဲခန့်ရှိ ဘိန်းခင်း ၃ ဧက အား ဖျက်ဆီး ရှင်းလင်းခြင်းများ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။ထို့ပြင် အောက်တိုဘာ ၂၄ ရက်တွင် ဖယ်ခုံမြို့နယ် ကုန်းငူ ကျေးရွာ၊ ဆိုင်ခွန်ကျေးရွာနှင့် ကဟန့်ကျေးရွာအနီးရှိ အမြင့်(၂)ပေခန့် ဘိန်းခင်း(၂၇)ဧကအား တွေ့ရှိ ဖျက်ဆီး ရှင်းလင်း ခဲ့ကြောင်း သိရသည်။(Xinhua)