Politics, Law & Military
ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်၊ ညောင်ရွှေမြို့နယ်၊ဖယ်ခုံမြို့နယ်နှင့် နမ့်ခမ်းမြို့နယ်တို့၌ ဘိန်းစိုက်ခင်း ၄၉ဧက အားဖျက်ဆီး

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ)
ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်၊ ညောင်ရွှေမြို့နယ်၊ဖယ်ခုံမြို့နယ်နှင့် နမ့်ခမ်းမြို့နယ်တို့၌ ဘိန်းစိုက်ခင်း ၄၉ ဧက အား ဖျက်ဆီးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ဖြစ်စဉ်မှာ ၂၀၁၉ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ ၀၈း၂၀ နာရီမှ ၁၆း၅၀ နာရီအထိ ရှမ်းပြည်နယ် ပင်လောင်းမြို့နယ်၊ မြေတိုင်ကျေးရွာမြောက်ဘက် ၁ မိုင်ခွဲခန့် အကွာ၌ အမြင့် ၂ ပေခန့်ရှိ ဘိန်းစိုက်ခင်း ၂၀ ဧကခန့်အား ပင်လောင်းမြို့မရဲစခန်းမှ ရဲအုပ်သန်းမောင် ဦးစီးပူးပေါင်း အဖွဲ့က ဖျက်ဆီးရှင်းလင်းခဲ့ကြောင်း သိရသည်။
အလားတူ ညောင်ရွှေမြို့နယ်၊ နန်းဟူးကြီးကျေးရွာအပါအဝင် ကျေးရွာ ၃ ရွာတို့၌ ဘိန်းစိုက်ခင်း ၂၁ ဧက ခန့်အားလည်းကောင်း၊ ဖယ်ခုံမြို့နယ်၊ နောင်လိုင်ကျေးရွာ၌ ဘိန်းစိုက်ခင်း ၄ ဧကခန့် အားလည်းကောင်း၊ နမ့်ခမ်းမြို့နယ်၊ ပန်းဆေးကျေးရွာ၌ ဘိန်းစိုက်ခင်း ၄ ဧကခန့်အား လည်းကောင်း ဖျက်ဆီးရှင်းလင်းခဲ့ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)