Politics, Law & Military
ရှမ်းပြည်နယ်၊ မိုင်းပျဉ်းမြို့နယ်တွင် ငွေကျပ်သိန်းပေါင်း ၇,၅၀၀ တန်ဖိုးရှိ အိုက်စ်များဖမ်းဆီးရမိ

ရန်ကုန်၊ ဒီဇင်ဘာ ၅ ရက် (ဆင်ဟွာ)
ရှမ်းပြည်နယ်၊ မိုင်းပျဉ်းမြို့နယ်တွင် ငွေကျပ်သိန်းပေါင်း ၇,၅၀၀ တန်ဖိုးရှိ အိုက်စ်များဖမ်းဆီးရမိ ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။
ဖြစ်စဉ်မှာ ဒီဇင်ဘာ ၃ ရက်နေ့ ၁၅း၁၅နာရီ အချိန် လွိုင်လင်ခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် ကွန်ဟိန်းမြို့နယ်၊တာကော်တံတားအနီးရှိ စားသောက်ဆိုင်ရှေ့တွင် ထွန်းထွန်းမင်း မောင်းနှင်လာသည့် Nissan ၁၂ ဘီးမော်တော်ယာဉ်အား ရပ်တန့်ရှာဖွေရာ ယာဉ်၏ခေါင်းခန်းအပေါ် လေကာအံဝှက်ထဲရှိ စက္ကူဖာအတွင်းမှ အိုက်စ် ၃၀ ကီလို သိမ်းဆည်းရမိခဲ့သဖြင့် ထွန်းထွန်းမင်း(၄၀)နှစ်အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)