Connect with us

Politics, Law & Military

သတင်းသမား တစ်ဦးအနေနှင့် နိုင်ငံချစ်စိတ် ရှိဖို့ လိုအပ်ဟု ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးပြောကြား

သတ္တမအကြိမ်မြောက် မီဒီယာ ဖွံ့ ဖြိုး တိုးတက်ရေး ညီလာခံတွင် ပြန်ကြားရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒေါက်တာ ဖေမြင့် အဖွင့် မိန့် ခွန်းပြောကြားစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဒီဇင်ဘာ ၅ ရက် (ဆင်ဟွာ)

သတင်းသမားတစ်ဦးအနေဖြင့် အမိနိုင်ငံတော်ကို ချစ်စိတ်၊ နိုင်ငံတော်ကို ကာကွယ် စောင့်ရှောက် လိုစိတ်များ ရှိဖို့ လိုအပ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်က ယနေ့ ပြောကြားခဲ့သည်။

“သတင်းသမားတွေအနေနဲ့နိုင်ငံအပေါ်၊ နိုင်ငံရဲ့ အရေးအပေါ် အလေးအနက် ရှိဖို့ လိုတယ်၊ နိုင်ငံကို ချစ်တဲ့ စိတ်နဲ့ အမျိုးသားရေး စိတ်လည်း ရှိဖို့ လိုလိမ့်မယ်၊ ဂျာနယ်လစ်တစ်ဦးသည် အများပြည်သူကို မှန်ကန်သော သတင်းအချက်အလက် ပေးဖို့ တာဝန်ရှိပါတယ်။ ဒါသည် သတင်းသမား တစ်ဦး အနေ နဲ့ အရေးကြီးတဲ့ တာဝန်ဖြစ်တယ်၊ တစ်ချိန်တည်းမှာ သူဟာ နိုင်ငံသား တစ်ဦး ဖြစ်ပါတယ်။ နိုင်ငံသား တစ်ဦးအနေနဲ့ နိုင်ငံချစ်စိတ်၊ နိုင်ငံကို ကာကွယ် စောင့်ရှောက်လိုတဲ့ စိတ်များလည်းပဲ သူ့မှာ ရှိဖို့ လိုအပ်တယ်လို့ ကျွန်တော် ပြောချင်ပါတယ်” ဟု နေပြည်တော် Park Royal Hotel တွင် ယနေ့ ပြုလုပ်သော သတ္တမအကြိမ်မြောက် မီဒီယာ ဖွံ့ဖြိုး တိုးတက်ရေး ညီလာခံ၌ ပြည်ထောင်စုဝန်ကြီးက ပြောခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတကာမှ မီဒီယာ လွတ်လပ်ခွင့် စစ်တမ်းကောက်ယူသူများနှင့်ပတ်သက်ပြီး အဆိုပါ အဖွဲ့များ၏ အနောက်တွင် မည်သည့်အဖွဲ့အစည်းများ ရှိသလဲ။ ၎င်းတို့ကို မည်သို့ ငွေကြေး ထောက်ပံ့သလဲ၊ မည်သည့် ရည်ရွယ်ချက်များဖြင့် လုပ်ဆောင်နေကြသလဲ ဟူသည့်အချက်များအတွက် မေးခွန်း ထုတ်စရာ ဖြစ်နေကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ပြောခဲ့သည်။

“နိုင်ငံတကာ မီဒီယာများကို လေ့လာ သုံးသပ် အကဲဖြတ်ပြီးတော့ ဘယ်သူက ဘယ်အဆင့် ရှိတယ် ဆိုပြီး အဆင့်အတန်းတွေ ခွဲခြား သတ်မှတ်ပေးတဲ့ တစ်နည်းပြောမယ်ဆိုရင် မီဒီယာများရဲ့ အထက်က ရှိတဲ့ ပုဂ္ဂိုလ်တွေ အဖွဲ့အစည်းတွေ ကိုယ်တိုင်သည်ပင်လျှင် သူတို့ကို ငွေကြေး ထောက်ပံ့နေတဲ့ အဖွဲ့အစည်းများ ပုဂ္ဂိုလ်များရဲ့ သြဇာက မလွတ်ကင်းဘူး၊ အဲဒီ သြဇာနောက်ကို လိုက်ပြီးတော့ ဘက်လိုက်မှု(Bias)တွေနဲ့ သူတို့ သုံးသပ်တယ်၊ မှတ်ချက်တွေ ချနေကြတယ် ဒါဆိုရင် သူတို့ရဲ့ အောက်အဆင့်တွေမှာ ရှိနေတဲ့ မီဒီယာများကရော ဘယ်လို ရှိမလဲဆိုတာ မေးခွန်းထုတ်စရာပါ”ဟု ၎င်းက ပြောခဲ့သည်။

ယူနက်စကိုရုံး (မြန်မာ) ဌာနေ ကိုယ်စားလှယ် Ms. Min Jeong Kim အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

မြန်မာနိုင်ငံဆိုင်ရာ ဆွီဒင်သံအမတ်ကြီး Mr. Staffan Herrstrom အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

သတ္တမအကြိမ်မြောက် မီဒီယာ ဖွံ့ဖြိုး တိုးတက်ရေး ညီလာခံ ကျင်းပနေစဉ် (ဆင်ဟွာ)

အမှတ်တရ ဓာတ်ပုံ ရိုက်ကူးကြစဉ် (ဆင်ဟွာ)

ထို့အပြင် ၎င်းက “ ကျွန်တော်တို့အနေနဲ့ မီဒီယာ လွတ်လပ်ခွင့်ကို စဉ်းစားတဲ့အခါမှာ အယ်ဒီတာ များ၊ သတင်းစာ သမားများသည် စာနယ်ဇင်း ထုတ်လုပ်သူရဲ့ သြဇာကို ဘယ်လောက် လွန်ဆန်နိုင် သလဲ၊ ထုတ်လုပ် သူကရော သူ့ထံမှာ ကြော်ငြာ တွေ အများကြီး ထည့်ပြီး ငွေရေးကြေးရေးအားဖြင့် ပံ့ပိုးနေသူရဲ့ သြဇာကို ဘယ်လောက် လွန်ဆန်နိုင် သလဲ။ ကျွန်တော်တို့ ပြောပြောနေတဲ့ Editorial Policy ဟာ အယ်ဒီတာ့ လက်ထဲမှာ ဂျာနယ်လစ် လက်ထဲမှာ ရှိသလား မရှိဘူးလား စဉ်းစားဖို့ လိုပါ တယ်။ အဲဒီ ပေါ်လစီ မရှိဘူးဆိုရင် freedom of Press, Freedom of Expression ရော သူ့လက်ထဲ မှာ ရှိလား၊ မရှိဘူးလား။ အင်မတန်မှ ထင်ရှားတဲ့ သတင်းစာဆရာကြီးတစ်ဦးက ပြောပါတယ်— Freedom of the press is guaranteed only to those who own one. စာနယ်ဇင်း လွတ်လပ်ခွင့် ဆိုတာ ကိုယ်တိုင် စာနယ်ဇင်း တစ်ခု ပိုင်မှသာလျှင် ရှိနိုင်တယ် ဆိုတဲ့ သဘောကို ပြောတာဖြစ်ပါ တယ်။ ဂျာနယ်လစ်မှာ freedom of press ရှိဖို့က မသေချာပါဘူး။ အဲဒီတော့Freedom of Expression ပြောတဲ့အခါမှာ အစိုးရတွေရဲ့ ချုပ်ခြယ်မှုကနေ လွတ်လပ်အောင် အာရုံပြုပြီး ပြောလေ့ လုပ်လေ့ ရှိပါတယ်။ ဒါကလည်းပဲ အရေးကြီးပါတယ်၊ လုပ်ရမယ့် ကိစ္စ ဖြစ်ပါ တယ်။ သို့သော် စာနယ်ဇင်းသမားများအနေနဲ့ မိမိတို့ကို ငွေကြေးအရ လွှမ်းမိုးနေသူရဲ့ သြဇာ အောက်က လွတ် မြောက်ဖို့ကိုလည်း ကြိုးစားသင့်တယ်၊ အားထုတ်ဖို့ လိုလိမ့်မယ်၊ စဉ်းစား သုံးသပ်ဖို့ လိုလိမ့်မယ်လို့ ပြောချင်ပါတယ်” ဟုလည်း ပြောခဲ့သည်။

မြန်မာ့ မီဒီယာ တိုးတက်ရေးအတွက် ထိရောက်သော ပူးပေါင်း ဆောင်ရွက်မှုများ တည်ဆောက်ခြင်း (Building Effective Partnerships in Myanmar’s Media Development) ခေါင်းစဉ်ဖြင့် ကျင်းပ သော သတ္တမအကြိမ်မြောက် မီဒီယာ ဖွံ့ဖြိုး တိုးတက်ရေး ညီလာခံတွင် ဥပဒေပိုင်းဆိုင်ရာ ပြုပြင် ပြောင်းလဲရေးမှ လွတ်လပ်စွာ ပြောဆို ထုတ်ဖော် ရေးသားူခွင့်နှင့်သတင်း အချက်အလက်များ ရယူ ခွင့်သို့၊ သတင်း မီဒီယာ လွတ်လပ်ခွင့်ကို ဘယ်လို တိုင်းတာကြမလဲ၊ မြန်မာနိုင်ငံ၏ ရုပ်သံလွှင့် မီဒီယာများ၊ ဥပဒေ၊ နည်းဥပဒေနှင့် အကောင်အထည်ဖော် ဆောင်ရွက်မှုများ၊ မီဒီယာနှင့် သတင်း သမား များ၏ လုံခြုံရေး၊ ဒီဂျစ်တယ် ကူးပြောင်းသည့် အခင်းအကျင်းတွင် ပြည်တွင်း မီဒီယာများ ရှင်သန် ရပ်တည်ရေး စသည့် ခေါင်းစဉ်များကို ဆွေးနွေး သွားကြမည်ဟု သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.