Politics, Law & Military
သုံးနိုင်ငံ နယ်စပ်ဖြတ်ကျော် လမ်းမကြီး ဖောက်လုပ်ရန ်ညှိနှိုင်း
ရန်ကုန်၊ မေ ၂၅ ရက် (ဆင်ဟွာ)
အိန္ဒိယ၊ ထိုင်းနှင့် မြန်မာနိုင်ငံတို့ကို ဆက်သွယ်ပေးမည့် ကီလိုမီတာ ၁,၄ဝဝ ရှိသော အဝေးပြေး လမ်းမကြီး တစ်ခုကို ဖောက်လုပ်ရန် ယင်းသုံးနိုင်ငံအကြား ညှိနှိုင်း ဆွေးနွေးမှုများ လုပ်ဆောင်လျက် ရှိကြောင်း သတင်း ထုတ်ပြန်ခဲ့သည်။
အဆိုပါ စီမံကိန်းသည် တစ်နှစ်ကျော်အတွင်း ပြီးစီးအောင်မြင်ခဲ့ပါက သုံးနိုင်ငံအကြား ဆက်သွယ်ပေးမည့် အဝေးပြေး လမ်းမကြီးကို ဘေးကင်း စိတ်ချစွာ အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း ၊ ၎င်းလမ်းမကြီးကို အိန္ဒိယနိုင်ငံ အရှေ့ပိုင်း မိုရေးမြို့မှ မြန်မာနိုင်ငံ တမူးမြို့ အထိ ဖောက်လုပ်မည် ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ၎င်းလမ်းမကြီးသည် ထိုင်းနိုင်ငံတက်ခ်နှင့် မဲဆောက်ခရိုင်သို့လည်း ရောက်ရှိမည်ဖြစ်ပြီး အဆိုပါ သုံးနိုင်ငံအနေဖြင့် အပြီးသတ် သဘောတူညီချက် ရရှိရန်အတွက် ဆွေးနွေးမှုများ လုပ်ဆောင်လျက် ရှိကြောင်း ၊ အဆိုပါ သဘောတူညီချက် သည်တောင်အာရှနှင့် အရှေ့တောင်အာရှတို့အကြား လမ်းပန်း ဆက်သွယ်ရေး ပွင့်လင်းမှု တစ်ခုဖြစ်သည့်အပြင် မိတ်ဖက်နိုင်ငံများအကြား ကုန်သွယ်ရေး ကဏ္ဍကို လမ်းဖွင့်ပေးခြင်းပင် ဖြစ်ကြောင်း သိရသည်။ (Xinhua)