Connect with us

Politics, Law & Military

အိမ်ခြံမြေခွန် နှင့် ပတ်သက်၍ အခွန် ၃၀ ရာခိုင်နှုန်း ကိစ္စအား ပြန်လည်ပြင်ဆင်ရန် သင့်မသင့်ကို စဉ်းစားနေကြောင်း စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းပြောကြား

ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းအားတွေ့ရစဉ် (ဓာတ်ပုံ-- အင်တာနက်)

ရန်ကုန်၊ မေ ၂၀ ရက် (ဆင်ဟွာ)

အစိုးရသစ်လက်ထက်တွင် နိုင်ငံံ့ဘဏ္ဍာရရှိဖို့အတွက် ဘဏ္ဍာငွေရရင်ပြီးရော အခွန်ငွေများများကောက်မည် ဆိုသည့် မူဝါဒကို ကျင့်သုံးမည်မဟုတ်ကြောင်း အိမ်ခြံမြေခွန် နှင့် ပတ်သက်၍ အခွန် ၃၀ ရာခိုင်နှုန်း ကိစ္စအား ပြန်လည်ပြင်ဆင်ရန် သင့်မသင့်ကို စဉ်းစားနေကြောင်း စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝနကြီး ဦးကျော်ဝင်းက ဒုတိယသမ္မတ (၁) နှင့် စီးပွားရေးလုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံပွဲတွင်ပြောကြားခဲ့သည်။

ဦးကျော်ဝင်းက “အခွန်များများရဖို့ အခွန်ထမ်းဆောင်နိုင်တဲ့ ပုဂ္ဂိုလ်များများပေါ်ပေါက်ဖို့ပဲ ဦးတည်တယ်။ ထမ်းဆောင်နိုင်စွမ်းရှိတဲ့ အခွန်ပမာဏဖြစ်ဖို့၊ ဘဏ္ဍာငွေရရင်ပြီးရော အခွန်ငွေများများကောက်မယ်ဆိုတဲ့ မူဝါဒကို မသုံးပါဘူး။အခုဆိုရင် အိမ်ခြံမြေဈေးကွက်က နှေးကွေးနေတယ်။ အိမ်ခြံမြေအခွန် ၃၀ ရာခိုင်နှုန်း ကောက်တယ်။ဒါနဲ့ပတ်သက်ပြီး ပြန်လည်ပြင်ဆင်ဖို့ သင့်မသင့်ကို စဉ်းစားနေပါတယ်။’’ ဟုပြောသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.