Politics, Law & Military
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် မန်းဂျော်နီအား ရာထူးမှ နုတ်ထွက်ခွင့်ပြု

ရန်ကုန်၊ ဇန်နဝါရီ ၁၀ ရက် (ဆင်ဟွာ)
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် မန်းဂျော်နီကို ယင်း၏ သဘောဆန္ဒအလျောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်ခွင့်ပြုလိုက်ကြောင်း နိုင်ငံတော် သမ္မတရုံးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတ နှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဝန်ကြီး ဦးဘဟိန်း ကိုလည်း ယင်း၏ သဘောဆန္ဒအလျောက် တိုင်းဒေသကြီး ဝန်ကြီးရာထူးမှ နုတ်ထွက်ခွင့်ပြုလိုက်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ နှစ်ဦးအား နိုင်ငံတော် သမ္မတ ဦးထင်ကျော်က ဇန်နဝါရီ ၉ ရက်နေ့၌ နုတ်ထွက်ခွင့်ပြုလိုက်ကြောင်း သိရသည်။ (Xinhua)