Connect with us

Politics, Law & Military

ရွှေ့ပြောင်းလုပ်သားများ မိသားစုထံ ခြောက်နှစ်ခန့်အတွင်း လွှဲငွေ ဒေါ်လာ သန်း ၁၅၆၀ ကျော်သာ ရှိ

အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့  အင်အား ၀န်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးမျိုးအောင်က အဖွင့်အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇန်နဝါရီ ၁၀ ရက် (ဆင်ဟွာ)

ပြည်ပ ရှိ မြန်မာလုပ်သား ဦးရေ ၁ ဒသမ ၇ သန်းတို့က ၎င်းတို့မိသားစုထံ ပြန်လွှဲပို့ငွေပမာဏသည် ၂၀၁၂ ခုနှစ်မှ ၂၀၁၇ အောက်တိုဘာ ဒုတိယပတ်အထိ အမေရိကန်ဒေါ်လာ ၁၅၆၈ ဒသမ ၉၀၂ သန်းသာ ရှိခဲ့သည်ဟု သိရကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဦးစီးဌာန အမြဲတမ်း အတွင်းဝန် ဦးမျိုးအောင်က ပြောခဲ့သည်။

“ပြည်ပသို့ သွားရောက် အလုပ်လုပ်နေတဲ့ မြန်မာလုပ်သားများရဲ့ မိသားစုထံ ပြန်လည်ပေးပို့တဲ့ ငွေစီးဝင်မှုအခြေအနေမှာ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ပေးပို့တဲ့ စာရင်းအရ ၂၀၁၂ ခုနှစ်မှ ၁၁ – ၁၀ – ၂၀၁၇ အထိ အမေရိကန်ဒေါ်လာ သန်း ၁၅၆၈ ဒသမ ၉၀၂ ကျော်ကို အလုပ်သမား ၁ ဒသမ ၇ သန်းက ပေးပို့ထားတယ်လို့ သိရပါတယ်၊ အလုပ်သမား ၁ ဒသမ ၇ သန်းလုံးက ပေးပို့တာ မဟုတ်ဘဲ အလုပ်သမား အနည်းငယ်က လစဉ်လွှဲပို့တဲ့ အကြိမ်အရေအတွက်တွေလည်း ပါနေလို့ အမှန်တကယ် လွှဲပို့နိုင်တဲ့ အလုပ်သမား အရေအတွက်ထက်များစွာ လျော့နည်းနေမယ်လို့ သုံးသပ်ရပါတယ်” ဟု ၎င်းက ပြောခဲ့သည်။

အလုပ်သမားဝန်ကြီးဌာန အလုပ်သမားညွှန်ကြားရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန် အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

မြန်မာ ပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးမင်းလှိုင် ရှင်းလင်း တင်ပြစဉ် (ဆင်ဟွာ)

Native Asia Laour Agency MD ဦးမျိုးမြင့် အကြံပြု ပြောကြားစဉ် (ဆင်ဟွာ)

ပြည်ပမှ မြန်မာလုပ်သားများ၏ မိသားစု လွှဲငွေများ တရားဝင်လမ်းကြောင်းမှ စီးဝင်စေရေး ဆွေးနွေးပွဲ ကျင်းပနေစဉ် (ဆင်ဟွာ)

ပြည်ပနိုင်ငံအသီးသီးတွင် ရွှေ့ပြောင်း သွားလာ နေထိုင် အလုပ်လုပ်သော မြန်မာ လုပ်သား ငါးသန်း ကျော်ရှိနေကြောင်း၊ ယခု လွှဲပို့ငွေ ပမာဏနှင့် နှိုင်းယှဉ်ကြည့်လျှင် များစွာ လျော့နည်းနေသဖြင့် မိသားစု ထံ လွှဲပို့ငွေများ တရားဝင် လမ်းကြောင်းမှ စီးဝင်နိုင်ရေးမှာ အထူး အရေးကြီးကြောင်း၊ ဟွန်ဒီ ကဲ့သို့ ငွေလွှဲပို့မှုများကို တရားဝင် ဖြစ်စေရေး၊ သက်ဆိုင်ရာ အေဂျင်စီများ အလိုက် စေလွှတ်ထား သည့် အလုပ်သမားများထံမှ လစဉ် ငွေလွှဲပို့နိုင်ရေး ကိစ္စများကို ဘဏ်များနှင့် ညှိနှိုင်း ဆောင်ရွက် ခြင်း၊ မြန်မာ ပြည်ပ အလူုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ်မှ သက်ဆိုင်ရာ နိုင်ငံများရှိ အလုပ်ရှင် အဖွဲ့အစည်းများနှင့် ညျိနှိုင်း ဆောင်ရွက်ခြင်းများ လုပ်ဆောင်သွားစေလိုကြောင်းလည်း အမြဲတမ်း အတွင်းဝန်က ပြောခဲ့သည်။

နေပြည်တော် အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာန၌ ယနေ့နံနက် ပိုင်း တွင် ကျင်းပခဲ့သည့် မြန်မာ ရွှေ့ပြောင်း အလုပ်သမားများ၏ မိသားစုထံ လွှဲငွေများအား ပုဂ္ဂလိက ဘဏ်များနှင့် ချိတ်ဆက် ဆောင်ရွက်နိုင်ရေး ဆွေးနွေးပွဲအဖွင့် မိန့်ခွန်းတွင် ၎င်းက ပြောခဲ့ခြင်း ဖြစ်သည်။

နိုင်ငံ၏ GDP အမှန်ရရှိရေး၊ အခွန်ငွေတိုးပြီး နိုင်ငံ့ စီးပွားရေးကို အထောက်အကူ ပြုရေး၊ ရွှေ့ပြောင်း လုပ်သားများ၏ မိသားစုထံလွှဲပို့ငွေများ လုံခြုံ စိတ်ချမှု ရရှိရေး စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပ သည့် အဆိုပါ အစည်းအဝေးသို့ ပြည်ပ အလုပ်အကိုင် အကျိုးဆောင် လိုင်စင်ရ အေဂျင်စီများနှင့် အတူ ပုဂ္ဂလိက ဘဏ် ၁၂ ခု၊ ဗဟိုဘဏ် အပါအဝင် နိုင်ငံပိုင် ဘဏ် လေးခုတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး မြန်မာ ပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးမင်းလှိုင်က မြန်မာ လုပ်သားတို့ လက်ရှိ ငွေလွှဲပို့မှု အခြေအနေများ၊ ဟွန်ဒီစနစ်ကို ပိုပြီး အသုံးပြုနေရသည့် အကြောင်းရင်းများကို ရှင်းလင်းတင်ပြခဲ့သည်။

ထို့အတူ ပြည်ပ အလုပ်အကိုင် အကျိုးဆောင် အေဂျင်စီများက ဘဏ်စနစ်ဖြင့် ငွေလွှဲလိုသော်လည်း ပြည်ပ နိုင်ငံများတွင် မြန်မာ လုပ်သားတို့အတွက် ဘဏ့်account ဖွင့်ရန် ခက်ခဲခြင်း အပါအဝင် ကြုံတွေ့နေရသည့် အခက်အခဲများကို တင်ပြခြင်း၊ အကြံပြု ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.