Politics, Law & Military
၂၀၁၅ ပါတီစုံ ရွေးကောက်ပွဲ၌ ရခိုင် အမျိုးသား ပါတီမှ အနိုင်ရ လွှတ်တော် ကိုယ်စားလှယ်လောင်း ထောင်ဒဏ် တစ်နှစ် ချမှတ်ခံရ
နေပြည်တော်၊ ဇန်နဝါရီ ၂၈ ရက် (ဆင်ဟွာ)
၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ၌ အနိုင်ရခဲ့သော ရခိုင် အမျိုးသား ပါတီ (ANP) မှ မင်းပြားမြို့ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်လောင်း တစ်ဦး ထောင်ဒဏ် တစ်နှစ် ချမှတ်ခံရကြောင်း အဆိုပါ ပါတီထံမှ စုံစမ်း သိရှိရသည်။
ရခိုင် အမျိုးသား ပါတီ (ANP) မှ ကိုယ်စားလှယ်လောင်း ဦးလှအောင်ညွန့်ကို ယနေ့ မြေပုံမြို့နယ်တရားရုံးက ထောင်ဒဏ် တစ်နှစ် ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ လွှတ်တော်အမတ်ကို ပုဒ်မ ၄၅၁ ပိုင်နက်ကျူးလွန်မှု အရ ၆ လနှင့် ပုဒ်မ ၅၀၆ ခြိမ်းခြောက်မှု ၆ လ ချမှတ် ခဲ့ခြင်းဖြစ်သည်။
ပြည်နယ် /တိုင်းဒေသကြီး ရွေးကောက်ပွဲ ဥပဒေအရ လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက် တင်မြှောက်ခံရပြီးနောက် တည်ဆဲ ဥပဒေ တစ်ရပ်ရပ်အရ ထောင်ဒဏ် အကျခံရလျှင် လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဆက်လက် ရပ်တည်ပိုင်ခွင့် မရှိစေရဟု သတ်မှတ် ပြဋ္ဌာန်းထားသည်။ (Xinhua)