Connect with us

Politics, Law & Military

လွှတ်တော် ဆိုင်ရာ လုပ်ငန်းများ နောင်လာနောင်သား ၊ သားစဉ် မြေးမြစ် အထိ စနစ်တကျ စံထုံးများ ဖြစ်အောင် တိုက်တွန်း ခဲ့ကြောင်း အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ပြောကြား

အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ပထမအကြိမ် အမျိုးသား လွှတ်တော် သက်တမ်း နောက်ဆုံးနေ့၌ နှုတ်ဆက်စကား ပြောကြားစဉ် (ဆင်ဟွာ)

နေပြည်တော် ၊ ဇန်နဝါရီ ၂၈ ရက်(ဆင်ဟွာ)

လွှတ်တော် ဆိုင်ရာ လုပ်ငန်းများကို နောင်လာနောင်သား ၊ သားစဉ်မြေးမြစ် အထိ စနစ်တကျ စံထုံးများ ဖြစ်အောင် တိုက်တွန်းခဲ့ကြောင်း အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ယနေ့ဇန်နဝါရီလ၂၈ ရက်တွင် ပထမအကြိမ် အမျိုးသား လွှတ်တော် သက်တမ်း နောက်ဆုံးနေ့ နှုတ်ဆက်စကား ပြောကြားရာတွင် ထည့်သွင်း ပြောကြားခဲ့သည်။

ပထမအကြိမ် လွှတ်တော် သက်တမ်း အတွင်း လွှတ်တော် ကိုယ်စားလှယ်များအား နိုင်ငံတော်နှင့် နိုင်ငံသားများ အကျိုး စီးပွားများ အတွက် ပါတီစွဲ မထားဘဲ စည်းလုံး ညီညွတ်စွာဖြင့် တိုင်ပင် ဆွေးနွေး ဆောင်ရွက်ကြရန် ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ နှင့် လွှတ်တော်ဆိုင်ရာ ဥပဒေ ၊ နည်းဥပဒေများကို တိတိကျကျ လိုက်နာ ကြရန် ဆောင်ရွက်ခဲ့ကြောင်း ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ အရ ဖွဲ့စည်း ပေါ်ပေါက်လာသည့် ပထမအကြိမ် အမျိုးသား လွှတ်တော်၏ လုပ်ငန်းများသည် ယနေ့ဇန်နဝါရီလ ၂၈ ရက်တွင် ပြီးဆုံးခဲ့ပြီ ဖြစ်ကြောင်း အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က လွှတ်တော်ဆိုင်ရာ ဆောင်ရွက်ချက်များအား ရှင်းလင်း ပြောကြားခဲ့သည်။

ပထမအကြိမ် အမျိုးသား လွှတ်တော် သက်တမ်းကာလအတွင်း ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ လွှတ်တော် ကော်မတီများ ဖွဲ့စည်း လုပ်ဆောင်ရေးသည် လွှတ်တော်၏ အရေးကြီးသည့် တာဝန် တစ်ရပ် ဖြစ်ကြောင်း ၊ ယခုအခါ အမြဲတမ်း ကော်မတီ ၄ ရပ် အပါအဝင် ကော်မတီ/ကော်မရှင် ၁၇ ခု ဖွဲ့စည်းခဲ့ကြောင်း ၊ အမျိုးသား လွှတ်တော်တွင် ဖွဲ့စည်းထားသည့် ကော်မတီ အသီးသီး၏ ကြိုးပမ်း ဆောင်ရွက်ချက်များကို မှတ်တမ်း တင်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

ပထမအကြိမ် အမျိုးသား လွှတ်တော် ပုံမှန် အစည်းအဝေးကို ၂၀၁၁ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်တွင် နေပြည်တော်ရှိ အမျိုးသား လွှတ်တော် အစည်းအဝေးခန်းမတွင် စတင် ကျင်းပခဲ့ပြီး ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ် ၁၆၈ ဦးနှင့် တပ်မတော်သား အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ၅၆ ဦး စုစုပေါင်း ၂၂၄ ဦးဖြင့် စုံညီစွာ ကျင်းပခဲ့သည်။

ပထမ အကြိမ် လွှတ်တော်များ၏ ပုံမှန် အစည်းအဝေးများကို ၂၀၁၁ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်တွင် စတင် ခေါ်ယူခဲ့ပြီး ယခု ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၂၈ ရက်တွင် ပြည်သူ့လွှတ်တော် နှင့် အမျိုးသား လွှတ်တော်၏ ပုံမှန် အစည်းအဝေးများ ပြီးဆုံးခဲ့ပြီ ဖြစ်သည်။

ဒုတိယ အကြိမ် လွှတ်တော် ပုံမှန်အစည်းအဝေးများကို ဖေဖော်ဝါရီ ၁ ရက်တွင် စတင် ကျင်းပ ပြုလုပ်ရန် ခေါ်ယူထားပြီ ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.