Connect with us

Science & Technology

ချင်းပြည်နယ်၏ ပထမဆုံးလေယာဉ်ကွင်း၂ဝ၂ဝ – ၂ဝ၂၁ ဘဏ္ဍာနှစ်တွင် အပြီးတည်ဆောက်သွားမည်

လေဆိပ်စီမံကိန်းဆောင်ရွက်နေမှုအားတွေ့ရစဉ် (ဓာတ်ပုံ-- ကြေးမုံ)

ရန်ကုန်၊ အောက်တိုဘာ ၂ ရက် (ဆင်ဟွာ)

ချင်းပြည်နယ်၏ ပထမဆုံးလေယာဉ်ကွင်း ဖလမ်းဆူရ်ဘုန်လေ ဆိပ်ကို ငါးနှစ်စီမံကိန်းဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာနက တည်ဆောက်လျက်ရှိရာ ၂ဝ၂ဝ – ၂ဝ၂၁ ဘဏ္ဍာနှစ်တွင် အပြီးတည်ဆောက်သွားမည် ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

၎င်းစီမံကိန်းကို ၂ဝ၁၅ -၂ဝ၁၆ ဘဏ္ဍာနှစ်မှစတင်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။ ချင်းပြည်နယ်အတွင်းရှိ ဒေသများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်၊ လမ်းပန်းဆက်သွယ်ရေးကဏ္ဍ ပိုမိုအဆင်ပြေကောင်းမွန် ပြီး ဒေသတွင်းခရီးသွားနှုန်း မြင့်တက် လာစေရန်၊ လာရောက်လည်ပတ်မည့် ပြည်တွင်းပြည်ပ ခရီးသည်များ အလွယ်တကူလာရောက်နိုင်စေရန်နှင့် လက်ရှိ

ဖော်ဆောင်နေသော သဘာဝအခြေပြု ခရီးသွားလုပ်ငန်းများကို အထောက်အကူပြုနိုင်ရန်အတွက် ရည်ရွယ်ဆောက်လုပ်ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်း လေယာဉ်ကွင်း တည်ဆောက်ရန် စီမံကိန်းတစ်ခုလုံးအတွက် နိုင်ငံတော်က ရန်ပုံငွေ ကျပ် ၂၅ ဘီလီယံ အသုံးပြုရန်လျာထားပြီး ယခုအချိန်တွင် ငွေကျပ်သန်းပေါင်း ၂၉ဝဝ အထိအသုံးပြုထားပြီးဖြစ် ကြောင်း၊ လေယာဉ်ကွင်း တည်ဆောက်မှုပြီးစီးပါက ART – 72 လေယာဉ်များပါ ဆင်းသက်နိုင်ရန် ခံနိုင်ရည်စွမ်းအား ပေါင် ၅ဝဝဝဝ ရှိသော လေယာဉ်ပြေးလမ်း အရှည်ပေ ၆ဝဝဝ၊ အကျယ်ပေ ၁ဝဝ နှင့် လေယာဉ်ရပ်နားရန်နေရာကို အလျားပေ ၂၅ဝ ၊ အနံ ပေ ၂၅ဝ သတ်မှတ်ထား ကြောင်း၊ အလျား ပေ ၂ဝဝ၊ အနံ ၈၆ ပေ ရှိ လေဆိပ်အဆောက်အအုံနှင့် Control Tower များကိုလည်း တည်ဆောက်သွား မည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံရှိ တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခုအနက် ချင်းပြည်နယ်သည် လေယာဉ်ကွင်းမရှိသေးသည့် တစ်ခုတည်းသောပြည်နယ်ဖြစ်ကြောင်း ကြေးမုံသတင်းတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.