Connect with us

Science & Technology

ငလျင်ပြတ်ရွေ့ဇုန်များ၌ မြေသားများရွေ့လျားမှု အခြေအနေ လေ့လာရန် GPS စနစ်များ တိုးချဲ့တပ်ဆင်မည်

ငလျင်လှုပ်ခတ်မှုကြောင့် ပြိုကျပျက်စီးသွားသော ပုဂံစေတီပုထိုးတစ်ခုအား တွေ့ရစဉ်(ဓာတ်ပုံ- ဆင်ဟွာ)

ရန်ကုန်၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံရှိ ငလျင်ပြတ်ရွေ့ဇုန်များတွင် မြေသားများရွေ့လျားမှု အခြေအနေများကို လေ့လာသိရှိနိုင်ရန် GPS စနစ်များ တိုးချဲ့တပ်ဆင်မည်ဖြစ်ကြောင်း မြေငလျင်တိုင်းတာရေးစခန်းထံမှ သိရသည်။

ယင်း GPS Station နှစ်ခုခန့် ထပ်မံတိုးချဲ့တပ်ဆင်သွားရန် စီစဉ်ထားပြီး လက်ရှိတပ်ဆင်ထားသော GPS Station များ၏ လုပ်ဆောင်နိုင်စွမ်းပေါ် မူတည်ကာ စင်ကာပူနိုင်ငံမှ ကျွမ်းကျင်ပညာရှင်များနှင့် ပြည်တွင်းမှ တာဝန်ရှိသူများ၊ ပညာရှင်များ ပူးပေါင်းဆောင်ရွက်ကြမည်ဖြစ်ပြီး အဆိုပါ GPS စက်တစ်လုံးလျှင် မြန်မာငွေကျပ် သိန်း ၅ဝဝ ကျော်ကုန်ကျမည်ဖြစ်သည်။

လက်ရှိတွင် မြေသားရွေ့လျားမှုများအား တိုင်းတာနိုင်သည့် GPS Station များကို စင်ကာပူ၊ တရုတ်နှင့် ဂျပန်နိုင်ငံတို့မှ နည်းပညာ အကူအညီများဖြင့် စစ်ကိုင်းပြတ်ရွေ့ကြောအနီး အပါအဝင် ငလျင်ပြတ်ရွေ့ဇုန်အချို့တွင် တပ်ဆင် ထားသည်။

၂ဝ၁၄ ခုနှစ်မှ စတင်ကာ GPS Station များအပြင် Seismic Station အသစ်များနှင့် Ground Motion Station များကိုလည်း အများအပြား တပ်ဆင်ခဲ့သည်။

GPS Stationများ တပ်ဆင်ထားခြင်းဖြင့် မြေသားရွေ့လျားမှု အခြေအနေများ၊ ငလျင် လှုပ်ခတ်ပြီးနောက် ပြောင်း လဲသွားသော မြေသားရွေ့လျားမှုများကို သိရှိနိုင်သည့် အတွက် လမ်း/တံတားများနှင့် အထပ်မြင့် အဆောက် အအုံများ ဆောက်လုပ်ရာတွင် ငလျင်ဘေးအန္တရာယ်နှင့် ပတ်သက်၍ ကြိုတင် စီစဉ်ဆောင်ရွက်ခြင်းများ လုပ်ဆောင်နိုင် မည်ဖြစ်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.