Connect with us

Science & Technology

လျှပ်စစ်မီး သုံးစွဲမှုကို မိုဘိုင်းလ်ဖုန်းမှ တစ်ဆင့် ကြည့်ရှုနိုင်မည့် အော်တိုမက်တစ် မီတာစနစ် ပြောင်းလဲရန်ပြင်ဆင်

အိမ်သုံးမီတာတစ်ခုအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇန်နဝါရီ ၂ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်း ဒေသကြီးအတွင်း လျှပ်စစ်မီးသုံးစွဲမှုနှင့် ပတ်သက်၍ အငြင်းပွားမှုများ ရှိနေသဖြင့် မိမိအသုံးပြုထားသည့် မီတာယူနစ်ကို မီးသုံးစွဲသူကိုယ်တိုင် မိုဘိုင်းလ် ဖုန်းမှတစ်ဆင့် သိရှိနိုင်မည့် အော်တိုမက်တစ် မီတာစနစ်ကို ပြောင်းလဲရန် ပြင်ဆင်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ် စက်မှုလက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီလာကျော်ကပြောသည်။

လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီး၌ ဒစ်ဂျစ်တယ်မီတာ ပြောင်းလဲ တပ်ဆင်မှု များပြုလုပ်နေကာ ထိုသို့ပြုလုပ် ရခြင်းမှာ အော်တိုမက်တစ် မီတာစနစ်အတွက် အခြေခံဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ် အားပေးရေး ကော်ပိုရေးရှင်းမှ သိရသည်။

“အဲဒီဒစ်ဂျစ်တယ်မီတာမှာ နည်းပညာသုံး ကတ်တစ်ခု စိုက်ထည့်လိုက်ရင် ရတယ်။ ပြီးရင် ဆော့ဖ်ဝဲလ်တစ်ခု ဖွင့်ပေးလိုက်မယ်။ မီတာပိုင်ရှင်က သူ့နံပါတ်ကို ဖုန်းကနေရိုက်လိုက်တာနဲ့ ဘယ်လောက်သုံးထားတယ်၊ ဘယ်လောက် ကျသင့်နေပြီဆိုတာ သိရမယ့်စနစ် ဖြစ်ပါတယ်” ဟု ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်မှ တာဝန်ရှိသူ တစ်ဦးကပြောသည်။

ထို့ပြင် ဒစ်ဂျစ်တယ်မီတာများ စတင် ပြောင်းလဲ တပ်ဆင်စဉ်က မီးသုံးစွဲသူများ အမှန်တကယ် သုံးစွဲသည့် ပမာဏနှင့် ပေးချေရသည့် မီတာခမှာ ကွဲလွဲမှုများ ရှိနေသဖြင့် မီတာဖတ်သည့် စနစ်အပေါ် ဝေဖန်မှုများ ရှိလာသဖြင့် အော်တိုမက်တစ်မီတာစနစ်သို့ ပြောင်းလဲရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.