Connect with us

Science & Technology

စစ်တောင်းမှ မော်လမြိုင်မြို့နယ် အထိ ရထားလမ်းအား (၉)ချောင်းဆက် သံလမ်းများ အစားထိုး တပ်ဆင်ခြင်း ၂၉.၇၁ မိုင်ပြီးစီး

ရထားလမ်းအား (၉)ချောင်းဆက် သံလမ်းများ အစားထိုး တပ်ဆင်ခြင်းဆောင်ရွက်နေမှုအားတွေ့ရစဉ် (ဓာတ်ပုံ-- မြဝတီ)

ရန်ကုန်၊ နိုဝင်ဘာ ၂ရက် (ဆင်ဟွာ)

စစ်တောင်းမှ မော်လမြိုင်မြို့နယ် အထိ ရထားလမ်းကို (၉)ချောင်းဆက် သံလမ်းများ အစားထိုး တပ်ဆင်ခြင်းမှာ ၂၉.၇၁ မိုင်ပြီးစီး နေပြီ ဖြစ်ကြောင်း မြန်မာ့မီးရထား လုပ်ငန်း တိုင်းအမှတ် (၈)မှ တိုင်းတာဝန်ခံ ထံမှ သိရသည်။

စစ်တောင်းမှ စတင်ကာ မော်လမြိုင်မြို့အထိ (၉)ချောင်းဆက် သံလမ်း တပ်ဆင်မှုကို ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၁၅ ရက်မှ စတင်လုပ်ဆောင် ခဲ့ခြင်းဖြစ်ပြီး လုပ်ငန်းကာလကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် အတွင်း ပြီးစီးစေရန် လုပ် ဆောင် သွားမည်ဖြစ်ကာ နောက်ပိုင်းတွင် မော်လမြိုင်မှ ရေးမြို့နယ် လမ်းပိုင်းနှင့် ရေးမြို့နယ်မှ ထားဝယ်မြို့နယ် အထိ ဆောင်ရွက်ရန် လျာထားကြောင်း သိရသည်။ မော်လမြိုင်မှ စစ်တောင်းသို့ (၉) ချောင်းဆက် သံလမ်း အစားထိုး ပြုပြင်မှု ပြီးစီးပါက ရထားစီးနင်းသူများ အနေဖြင့် ရထားခုန်ခြင်း၊ ရထားလူးခြင်းဒဏ်မှ ကင်းဝေးသွားမည် ဖြစ်သည့်အပြင် ရထားမောင်းနှင်မှု အချိန်မှာလည်း မိုင်နှုန်း မြှင့်တင် လိုက်မည် ဖြစ်သည့်အတွက် ယခု မော်လမြိုင်-ရန်ကုန် ရထားစီးနင်းမှု ကြာချိန် (၉)နာရီမှာ (၇)နာရီခွဲ ဝန်းကျင်သာ ကြာမည်ဖြစ်ကြောင်း သိရသည်။

ပြည်သူများ ရထားဖြင့် သွားလာချင်စိတ် ဖြစ်ပေါ်လာစေရန် ရထားလမ်းပိုင်းများ အဆင့်မြှင့်တင် ပေးရန်လိုအပ်ပြီး အဆင့်မြှင့်တင် ပေးရမည့် နေရာများသည် ရထား အသုံးပြုမှုများသည့် ဒေသများ၌သာ အဆင့်မြှင့်တင် ပေးရန် လိုအပ်ကာ မော်လမြိုင်-ရန်ကုန် သည် ပြည်သူများ အနေဖြင့် ကားဖြင့်သာ သွားလာမှု များကြောင်း မွန်ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပို့ဆောင် ဆက်သွယ်ရေး ဝန်ကြီး ဦးထွန်းဌေး က ပြောသည်။ လက်ရှိတွင် ရန်ကုန်-မန္တလေး ၊ ရန်ကုန်-ပြည် ဒေသများတွင် အဆင့်မီ လေအိတ်ရထားများ ပြေးဆွဲပေးလျှက် ရှိပြီး နောက်ပိုင်းကာလ များတွင် ရန်ကုန်-မော်လမြိုင် ခေတ်မီလေအိတ် ရထားများလည်း ပြေးဆွဲရန် အစီစဉ်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.