Connect with us

Science & Technology

ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်း လိုင်စင်ဆိုင်ရာအခကြေးငွေများ ပြောင်းလဲကောက်ခံခြင်း အများပြည်သူသဘောထား တောင်းခံချက်ထုတ်ပြန်

ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်အားတွေ့ရစဉ် (ဓာတ်ပုံ-- ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန)

ရန်ကုန်၊ ဇန်နဝါရီ ၅ ရက် (ဆင်ဟွာ)

ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်း လိုင်စင်ဆိုင်ရာအခကြေးငွေများ ပြောင်းလဲကောက်ခံခြင်းအတွက် အများပြည်သူသဘောထား တောင်းခံခြင်းဆိုသည့် ထုတ်ပြန်ချက်အား ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မှ ယနေ့ ထုတ်ပြန်သည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသည် ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်လိုသော ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီအဖွဲ့အစည်းများမှ လုပ်ငန်းလိုင်စင်လျှောက်ထားမှုများအား ဆက်သွယ်ရေးဥပဒေ၊ နည်းဥပဒေများနှင့်အညီ စိစစ်၍ သက်ဆိုင်ရာလုပ်ငန်းလိုင်စင်များ ခွင့်ပြုပေးလျက်ရှိကြောင်း၊ အဆိုပါ လိုင်စင်ရကုမ္ပဏီ အဖွဲ့အစည်းများအနက်မှ အချို့သောကုမ္ပဏီများသည် လိုင်စင်သက်တမ်း (၂)နှစ်/(၃)နှစ်ရှိပြီးဖြစ်သော်လည်း လိုင်စင်လျှောက်ထားစဉ်က တင်ပြခဲ့သော လုပ်ငန်းများအား ဆောင်ရွက်မှုမရှိခြင်းကြောင့်လည်းကောင်း၊ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းနှင့် သက်ဆိုင်သောဝင်ငွေများ မရရှိသောကြောင့်လည်းကောင်း နှစ်စဉ်ကြေးပေးသွင်းခြင်းမရှိသည်ကို စိစစ်တွေ့ရှိရကြောင်း ၎င်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။

ထို့ကြောင့် ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်း လိုင်စင်ရကုမ္ပဏီများအနေဖြင့် လိုင်စင်ပါစည်းကမ်းချက်များအား လေးစားလိုက်နာစေရန်အတွက်လည်းကောင်း၊ နိုင်ငံတော်၏ ရသင့်ရထိုက်သည့်အခွန်အခများ ရရှိစေရန်လည်းကောင်း၊ မလိုလားအပ်ဘဲ လိုင်စင်လျှောက်ထားရယူခြင်းများ မဖြစ်ပေါ်စေရေးအတွက်လည်းကောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအနေဖြင့် လိုင်စင်ထုတ်ပေးခြင်းဆိုင်ရာ နည်းဥပဒေ ၂၄၊ နည်းဥပဒေခွဲ(ဂ)အရ သတ်မှတ်ထားသည့် ဇယား(၁)ပါအခွန်အခများနှင့်စပ်လျဉ်း၍ အာဆီယံနိုင်ငံအချို့၏ လိုင်စင်အခွန်အခကောက်ခံမှုပုံစံများကို ကိုးကား၍ ပြင်ဆင်သွားမည်ဖြစ်ကြောင်း၊ လိုင်စင်ဆိုင်ရာ အခကြေးငွေများအား ပြောင်းလဲကောက်ခံရန်အတွက် လိုင်စင်ထုတ်ပေးခြင်းဆိုင်ရာ နည်းဥပဒေ ၂၄၊ နည်းဥပဒေခွဲ(ဃ)အရ အများပြည်သူသဘောထားတောင်းခံမှု ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍ လိုင်စင်ဆိုင်ရာအခကြေးငွေများ ပြောင်းလဲကောက်ခံရန် လျာထားသည့် ဇယားအပေါ် အကြံပြုလိုသည်များရှိပါက ဤကြော်ငြာပါသည့်ရက်မှစ၍ ၁၉.၁.၂၀၁၈ ရက်နေ့အထိ အကြံပြုနိုင်ပါကြောင်း အသိပေးကြေညာအပ်သည်ဟူ၍ ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.