Connect with us

Science & Technology

ဧရာဝတီတိုင်းဒေသကြီး ကမ်းပြိုကာကွယ်ရေးလုပ်ငန်း ၁၆ ခုအတွက် ဘတ်ဂျက် ကျပ်သန်းပေါင်း ၈ဝဝဝကျော် သုံးစွဲရန်လျာထား

ကမ်းပြိုကာကွယ်ရေးလုပ်ငန်းဆောင်ရွက်နေစဉ် (ဓာတ်ပုံ-- ကြေးမုံ)

ရန်ကုန်၊ နိုဝင်ဘာ ၃၀ ရက် (ဆင်ဟွာ)

၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်တွင် ဧရာဝတီတိုင်း ဒေသကြီးအတွင်း ကမ်းပြိုကာကွယ်ရေးလုပ်ငန်း ၁၆ ခု အတွက် ကျပ်သန်းပေါင်း ၈ဝဝဝကျော် သုံးစွဲသွားရန် လျာထားကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန စာရင်းများအရ ဧရာဝတီတိုင်းဒေသကြီးအတွင်း ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်တွင် ကမ်းပြိုကာကွယ်ရေး လုပ်ငန်းအတွက် ပြည်ထောင်စုအရေးပေါ်ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်းနှစ်ခုအတွက် ကျပ် ၃၃၆၁.၇၅ဝ သန်း၊ တိုင်းဒေသကြီးအစိုးရရန်ပုံငွေဖြင့် လုပ်ငန်း ၁၁ ခုအတွက် ကျပ် ၄၂၃၃. ၁၁၇ သန်း၊ တိုင်း ဒေသကြီး ဖြည့်စွက်ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်း သုံးခုအတွက် ကျပ် သန်း ၁ဝ၅ဝ ဒသမ ၉၄ဝ စုစုပေါင်း လုပ်ငန်း ၁၆ ခုအတွက် ကျပ် ၈၆၄၅.၈ဝ၇ သန်း သုံးစွဲရန် လျာထားကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း ကမ်းပါးပြိုကာကွယ် ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့်အခြေအနေနှင့် ဗိုလ်မြတ်ထွန်းတံတား၊ ဧရာဝတီတံတား(ညောင်တုန်း) ရေလမ်းကြောင်း ကောင်းမွန်ရေးလုပ်ငန်းများ ဆောင်ရွက် နေသည့်အခြေအနေနှင့်ပတ်သက်၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက နိုဝင်ဘာ ၂၆ ရက်တွင် မြေပြင်ကွင်းဆင်းဆောင်ရွက်မှုများ နှင့် လိုအပ်သည်များဆောင်ရွက်ရန် ဖြည့်စွက်ညွှန်ကြားခဲ့ ကြောင်း ကြေးမုံသတင်းတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.