Connect with us

Science & Technology

ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းလိုင်စင် ၁၅၃ ခု ထုတ်ပေးထားဟုဆို

ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ခွင့်ပြုထားပြီးဖြစ်သော ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းလိုင်စင် စာရင်းများအားတွေ့ရစဉ်(ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီး)

ရန်ကုန်၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ)

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ဇူလိုင် ၁၇ ရက်နေ့ထိ ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းလိုင်စင် ၁၅၃ ခု ထုတ်ပေးထားပြီးဖြစ်ကြောင်း ယင်းဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ယင်း ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းလိုင်စင် လာရောက်လျှောက်ထားသူများအား ဆက်သွယ်ရေးဥပဒေ၊ နည်းဥပဒေများနှင့်အညီ စိစစ်ဆောင်ရွက်ပြီး ၂၀၁၄ ခုနှစ်မှ စတင်ပြီး ထုတ်ပေးလျက်ရှိရာ ၂၀၁၈ ခုနှစ် ဇူလိုင် ၁၇ရက်နေ့ထိ Nationwide Telecommunications License (၄) ခု၊ Network Facilities Service (Individual) License (၅၈) ခု၊ Network Service License (၁၆) ခု၊ Network Facilities Service (Class) License (၄၉) ခု၊ Application Service License (၂၆) ခု၊ လိုင်စင်စုစုပေါင်း (၁၅၃) ခု ထုတ်ပေးထားရှိပြီး ဖြစ်ကြောင်း သိရသည်။အဆိုပါ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းလိုင်စင် ဆက်လက်လျှောက်ထားသော ပြည်တွင်းပြည်ပ ကုမ္ပဏီများအား စိစစ်၍ လိုင်စင်များ ထုတ်ပေးနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။(Xinhua)