Science & Technology
ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းလိုင်စင် ဆက်လက်ထုတ်ပေးနိုင်ရန် ဆောင်ရွက်လျက်ရှိ

ရန်ကုန်၊ ဇွန် ၁ ရက် (ဆင်ဟွာ)
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ၊ ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနက ဆက်သွယ်ရေး ဝန်ဆောင်မှုု လုပ်ငန်းလိုင်စင် လာရောက် လျှောက်ထားသူ များအား ဆက်သွယ်ရေး ဥပဒေ၊ နည်းဥပဒေများနှင့် အညီ စိစစ်ဆောင်ရွက်ပြီး ဖြစ်ပြီး၊ ဆက်လက်လျှောက်ထားလာသော ပြည်တွင်း/ ပြည်ပ ကုမ္ပဏီများအား စိစစ်၍ လိုင်စင်များထုတ်ပေးနိုင်ရန် ဆောင်ရွက်လျက်ရှိ ကြောင်း ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန မှ သတင်းထုတ်ပြန်သည်။
၂၀၁၇ ခုနှစ် ၊ မေလ ၂၄ ရက်နေ့ အထိ ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းလိုင်စင် ထုတ်ပေးခဲ့သော ပြည်တွင်း/ပြည်ပကုမ္ပဏီ စုစုပေါင်း ၁၂၆ ခု ခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း၊ ပြည်တွင်းကုမ္ပဏီ ၈၈ ခုနှင့် ပြည်ပကုမ္ပဏီ ၃၈ ခုအား ခွင့်ပြုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဆက်လက်လျှောက်ထားလာသော ပြည်တွင်း/ ပြည်ပ ကုမ္ပဏီများအား စိစစ်၍ လိုင်စင်များထုတ်ပေးနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)