Connect with us

Science & Technology

ပြည်ပမှတင်သွင်းသည့် စက်ဆီ ၊ ချောဆီများ တင်သွင်းသည့် အကြိမ်တိုင်း နမူနာ ရယူပြီး အရည်အသွေး ဓာတ်ခွဲ စမ်းသပ် စစ်ဆေးမည်

ပုဂ္ဂလိက စက်သုံးဆီဆိုင် တစ်ခုအား တွေ့ ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ သြဂုတ် ၂၂ ရက်(ဆင်ဟွာ)

ပြည်ပမှတင်သွင်းသည့် စက်ဆီချောဆီများနှင့် ပတ်သက်၍ စက်တင်ဘာလ ၁ ရက်မှစ၍ တင်သွင်းသည့် အကြိမ်တိုင်း နမူနာရယူပြီး အရည်အသွေး ဓာတ်ခွဲ စမ်းသပ် စစ်ဆေးသွားမည် ဖြစ်ကြောင်း မြန်မာ့ ရေနံထွက် ပစ္စည်း ရောင်းဝယ်ရေး လုပ်ငန်းမှ အသိပေး ကြေညာခဲ့သည်။

တင်သွင်းသည့်စက်ဆီချောဆီတိုင်း အရည်အသွေး ကောင်းမွန်မှန်ကန်မှုရှိစေပြီး ပြည်တွင်းဈေးကွက်အတွင်း သုံးစွဲသူ ပြည်သူလူထု၏ ယုံကြည်မှုပိုမိုရရှိစေရေးအတွက် ဖြစ်ပြီး အရည်အသွေး မှန်ကန်မှုရှိမှသာ ထုတ်ယူဖြန့်ဖြူး သုံးစွဲခွင့်ပြုမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်းသည် ပုဂ္ဂလိက လုပ်ငန်းရှင်/ ကုမ္ပဏီများ၏ ပြည်ပမှ စက်ဆီချောဆီတင်သွင်းခြင်းနှင့်ပတ်သက်၍ စိစစ်ခွင့်ပြု ဆောင်ရွက်လျက်ရှိရာတွင် စက်ဆီ ချောဆီ New Brandပထမ အကြိမ် တင်သွင်းမှုကိုသာနမူနာရယူ၍ အရည်အသွေးဓာတ်ခွဲ စမ်းသပ်စစ်ဆေးပြီး အရည်အသွေးမှန်ကန်ပါက ထုတ်ယူဖြန့်ဖြူးသုံးစွဲ ခွင့်ပြုခဲ့ရာမှ ယခုအခါ ထိုကဲ့သို့ကြေညာခဲ့ခြင်း ဖြစ်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.