Science & Technology
မြန်မာ အမျိုးသား လေ ကြောင်းလိုင်း ရန်ကုန်- ဗုဒ္ဓဂယာ- ရန်ကုန် ခရီးစဉ် စတင်ပြေးဆွဲ
ရန်ကုန်၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ)
ဗုဒ္ဓဂယာသို့ ပြည်တွင်းမှဘုရားဖူး များ သွားရောက်ဖူးမြော် နိုင်ရန်အတွက် မြန်မာအမျိုးသား လေကြောင်း လိုင်းမှ Boeing 737 လေယာဉ်ဖြင့် ရန်ကုန်- ဗုဒ္ဓဂယာ- ရန်ကုန် ခရီးစဉ်ကို ပထမဆုံးခရီး စဉ်အဖြစ် ူ စတင်ပြေးဆွဲနေပြီဖြစ်ကြောင်း MNA (Myanmar National Airline) မှ သတင်းထုတ်ပြန်သည်။
ရန်ကုန်- ဗုဒ္ဓဂယာ- ရန်ကုန်ခရီးစဉ်ကို ၂ဝ၁၆-၂ဝ၁၇ ဘုရားဖူး ရာသီတွင် အပတ်စဉ် စနေနေ့တိုင်း ပြေးဆွဲ သွားမည်ဖြစ်ပြီး နိုဝင်ဘာ၊ ဒီဇင်ဘာ၊ ဇန်နဝါရီလတို့တွင် အပတ်စဉ် အင်္ဂါနေ့ ခရီးစဉ်ကို ထပ်တိုး ပျံသန်းသွားရန် စီစဉ် ထားကြောင်း သိရသည်။မြန်မာအမျိုးသားလေကြောင်းလိုင်းသည် ခရီးစဉ်များကို တိုးချဲ့ပျံသန်းလျက်ရှိရာ၂ဝ၁၆ ခုနှစ် နိုဝင်ဘာ ၄ ရက်တွင် ရန်ကုန်- ချင်းမိုင်-ရန်ကုန်ခရီးစဉ်ကို အပတ်စဉ် တနင်္လာ နှင့်သောကြာတစ်ပတ်လျှင် နှစ်ကြိမ်ပြေးဆွဲ သွား မည်ဖြစ်ကြောင်း သိရသည်။ထို့ပြင် ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာ ၁ရက်တွင် ရန်ကုန်- စင်ကာပူ- ရန်ကုန် ခရီးစဉ်များကိုလည်း ပျံသန်းပြေးဆွဲ သွား မည်ဖြစ်သည်။ မြန်မာအမျိုးသား လေကြောင်းလိုင်းသည် မြန်မာနိုင်ငံအတွင်း မြို့ပေါင်း ၂၇ မြို့သို့ ပျံသန်းပြေးဆွဲ ပေးနေသော လေကြောင်းလိုင်း တစ်ခုဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)