Connect with us

Science & Technology

ရေကြောင်းပို့ဆောင်ရေးတွင် ရေယာဉ် အဟောင်းများနေရာ၌ ရေယာဉ်အသစ် များဖြင့် အစားထိုး ပြေးဆွဲမည်

ဒလ-ပန်းဆိုးတန်းသို့ ပြေးဆွဲနေသည့် ရေယာဉ်တစ်စီးအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ)

ရေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနသည် မြန်မာနိုင်ငံ မြစ်ကြောင်းများ၌ ခရီးသည်နှင့် ကုန်စည် ပို့ဆောင်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက် ရှိရာ ပြည်တွင်း ရေကြောင်း ပို့ဆောင်ရေးတွင် ကာလ ရှည်ကြာစွာ ပြေးဆွဲလျက် ရှိသည့် ရေယာဉ် အဟောင်းများကို ရေယာဉ်အသစ် များဖြင့် အစားထိုး ပြေးဆွဲရန် စီစဉ်လျက် ရှိကြောင်း ရေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး တွင် လက်ရှိပြေးဆွဲ နေသည့် ရေယာဉ်များ သည် သက်တမ်းကြာ နေပြီဖြစ်၍ ကြံ့ခိုင်မှု အားနည်းသော ယာဉ်များကို ရေယာဉ်အသစ် များဖြင့် အစားထိုး ပြေးဆွဲပေးရန် စီစဉ်ခြင်း ဖြစ်သည်။ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး တွင် စက်တပ်ရေယာဉ် ၁ဝဝ ကျော်နှင့် စက်မဲ့ရေယာဉ် ၁ဝဝ ကျော်ရှိပြီး တစ်နိုင်ငံလုံးရှိ မြစ်ကြောင်းများ တစ်လျှောက်တွင် သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းများ လုပ်ဆောင်လျက် ရှိသည်။

ရေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီး ဌာနသည် မြစ်ဝကျွန်းပေါ် ခရီးစဉ်များ ဖြစ်သော ဧရာဝတီမြစ်နှင့် မြစ်လက်တက်များ ပေါ်တွင်ရှိသည့် လပွတ္တာ၊ မြောင်းမြ၊ ပုသိမ်၊ ဘိုကလေးနှင့် မော်လမြိုင်ကျွန်း ခရီးစဉ်တို့ကို ပြေးဆွဲလျက် ရှိပြီး ဧရာဌာနခွဲတွင် မန္တလေး မှ ဗန်းမော်အထိ ခရီးစဉ်များ၊ ချင်းတွင်းဌာန ခွဲတွင် မုံရွာမှ ဟုမ္မလင်း၊ ကလေးဝ စသည့် ခရီးစဉ်များနှင့် သံလွင် ဌာနခွဲတွင် မော်လမြိုင် မှ ဘီလူးကျွန်း (နတ်မော်) နေရာများ အပြင် ပြည်တွင်းရှိ ဒေသအသီးသီး သို့ စုစုပေါင်း ဌာနခွဲ ခြောက်ခုဖြင့် သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းများ ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးတွင် စက်တပ် ရေယာဉ် ၁၇၈ စင်း၊ စက်မဲ့တွဲရေယာဉ် ၁၆၁ စင်းဖြင့် လက်ရှိပြေးဆွဲ အသုံးပြု နေပြီး ၂ဝ၁၄ ခုနှစ်က ဂျပန်နိုင်ငံမှ အသစ် ရောက်ရှိလာသည့် ချယ်ရီရေယာဉ် သုံးစင်းကို ပန်းဆိုးတန်း-ဒလ သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းများတွင် ပြေးဆွဲပေးလျက် ရှိကြောင်း ရေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန ၏ ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.