Connect with us

Science & Technology

ရန်ကုန်တိုင်းဒေသကြီးတွင် လျှပ်စစ်အန္တရာယ် ကင်းရှင်းရေး ဓာတ်အားလိုင်း ၁၃၆ မိုင်ကျော် လဲလှယ်မည်

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန သတင်းစာရှင်းပွဲ ကျင်းပနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ သြဂုတ် ၁၀ ရက် (ဆင်ဟွာ)

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းသည် ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ် အားပြတ်တောက်မှု လျော့နည်းစေရန်နှင့် ပြည်သူများ လျှပ်စစ် အန္တရာယ် ကင်းရှင်းစေရေး ဆောင် ရွက် လျက် ၇ှိရာ နှစ်စဉ် ဘဏ္ဍာငွေ သုံးစွဲခွင့် ရရှိသည့်အပေါ်မူတည်ပြီး စဉ်ဆက်မပြတ် ဆောင်ရွက်နေ ကြောင်း၊ ယခုအခါ ၆၅ ဒသမ ၂၄ မိုင် လဲလှယ် တည်ဆောက်ပြီးစီးခဲ့ပြီး နောက်ထပ် ၇၁ ဒသမ ၁၅ မိုင် ဆက်လက် လဲလှယ် တည်ဆောက်သွားမည်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယအမြဲတမ်း အတွင်းဝန် ဦးစိုးမြင့်က ယနေ့ သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

“ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်အတွင်းတွင် ၁၂ ဒသမ ၄၂ မိုင်၊ အနောက်ပိုင်းခရိုင်တွင် ၁၁ ဒသမ ၈၃ မိုင်၊ တောင်ပိုင်းခရိုင်တွင် ၂၂ ဒသမ ၁၈ မိုင်၊ မြောက်ပိုင်းခရိုင်တွင် ၁၈ဒသမ ၈၁ မိုင် စုစုပေါင်း ၆၅ ဒသမ ၂၄ မိုင် တည်ဆောက်ပြီးစီး ခဲ့ပါတယ်။ ဆက်လက်ဆောင်ရွက်သွားမှာက အရှေ့ပိုင်းခရိုင်အတွင်း ၁၈ ဒသမ ၂၇ မိုင်၊ အနောက်ပိုင်းခရိုင်အတွင်း ၃၂ ဒသမ ၇၄ မိုင်၊ တောင်ပိုင်းခရိုင် ၁၁ ဒသမ ၅၂ မိုင်၊ မြောက်ပိုင်းခရိုင် ၈ ဒသမ ၆၂ မိုင်— စုစုပေါင် ၇၁ ဒသမ ၁၅ မိုင် လဲလှယ် တည်ဆောက်သွားမှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လိုင်းများသည် ကောင်းကင်ဓာတ်အားလိုင်းများ ဖြစ်၍ ရာသီဥတု၊ သစ်ပင် သစ်ကိုင်း၊ တိရစ္ဆာန်တို့ကြောင့် ယာယီ ဓာတ်အား ပြတ်တောက်ခြင်းမျ ကာကွယ်ရန်နှင့် လိုင်းကြိုးပြတ်ကျခြင်းကြောင့် အန္တရာယ်မဖြစ်စေရန်အတွက် လျှပ်ကာ ( insulator ) ပါသော ကြိုးများဖြင့်လဲလှယ်ခြင်း လုပ်ငန်းများကိုလည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ ဆောင် ရွက်ရာတွင် ADB ချေးငွေအပြင် နှစ်စဉ် ဘဏ္ဍာငွေ ရရှိမှုအပေါ်မူတည်ပြီး ဆောင်ရွက်သွားမည်ဖြစ် ကြောင်းလည်း ၎င်းက ရှင်းပြခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.