Connect with us

Science & Technology

တရားမဝင် ဓာတ်အား သုံးစွဲမှုများကြောင့် သုံးလအတွင်း ဓာတ်အား ဆုံးရှုံးမှု ယူနစ်ပေါင်း ၇၅၀,၀၀၀ ခန့်ရှိ

မြန်မာနိုင်ငံ အတွင်း သွယ်တန်းထားသော မဟာဓာတ်အားလိုင်းများကိုတွေ့ရစဉ်(ဆင်ဟွာ)

နေပြည်တော်၊ နိုဝင်ဘာ ၁၀ ရက် (ဆင်ဟွာ)

တစ်နိုင်ငံလုံးတွင် တရားမဝင် ဓာတ်အား သုံးစွဲမှုများကြောင့် ၂၀၁၆ ခုနှစ် ဇူလိုင်၊ သြဂုတ်နှင့် စက်တင်ဘာ သုံးလအတွင်း ဓာတ်အား ဆုံးရှုံးမှု ယူနစ်ပေါင်း ၇၅၀,၀၀၀ ခန့်ရှိသည်ဟု လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနက ယနေ့ သတင်းထုတ်ပြန်ခဲ့သည်။

“ရန်ကုန်တိုင်းဒေသကြီးမှာ ၃၈,၄၄၅ ဦးကို စစ်ဆေးနိုင်ခဲ့ပြီး ဆုံးရှုံးမှု ယူနစ်ပေါင်း ၂၀၁,၁၁၈ တွေ့ရပါတယ်။ တရားမဝင် ဓာတ်အားသုံးစွဲမှု ၆၄ မှုရှိပြီး အဲဒီအတွက် နစ်နာကြေးများလည်းရရှိခဲ့ပါတယ်၊ ကျန်တဲ့ တိုင်းဒေသ ကြီးနဲ့ပြည်နယ်တွေမှာ ၈၀,၉၄၁ ဦးကို စစ်ဆေးနိုင်ခဲ့ပြီး ဆုံးရှုံးမှု ယူနစ်ပေါင်း ၅၄၆,၉၅၇ရှိခဲ့ပါတယ်၊ တရားမဝင် ဓာတ်အား သုံးစွဲမှု ၉၃ မှု ၇ှိခဲ့ပြီး တရားမဝင်ဓာတ်အား သုံးစွဲမှုအတွက် နစ်နာကြေးတွေလည်း ရခဲ့ပါတယ်” ဟု လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနကနေပြည်တော်တွင် ယနေ့နံနက် ပြုလုပ်သည့် သတင်းစာ ရှင်းပွဲ၌ ရန်ကုန် လျှပ်စစ်ဓာတ်အားပေး ကော်ပိုရေးရှင်း အထွေထွေ မန်နေဂျာ ဦးသန့်စင်က မီဒီယာကို ပြောသည်။

ပဲခူးတိုင်းဒေသကြီး (အနောက်)တွင် တရားမဝင် ဓာတ်အား သုံးစွဲမှု နစ်နာကြေးက အများဆုံး ဖြစ်ပြီး ဧရာဝတီ တိုင်း ဒေသကြီးတွင် တရားမဝင် ဓာတ်အား သုံးစွဲမှု အရေအတွက် ၁၉,၄၅၇ ဦးအထိ စစ်ဆေးတွေ့ရှိရ သည်ဟု လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနက လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု စရိတ်မှာ တစ်ယူနစ်လျှင် ၉၃ ဒသမ ၆၇ ကျပ်ကျသင့်ပြီး အများပြည်သူသုံး၊ စက်မှုလုပ်ငန်းသုံး၊ စီးပွားရေး လုပ်ငန်းသုံးများအတွက် ပြန် ဖြန့်ဖြူးသည့် အခါ တစ်ယူနစ်လျှင် ပျမ်းမျှ ၇၁ ကျပ်နှုန်း ရှိသဖြင့် တစ်ယူနစ်လျှင် နိုင်ငံတော်က ၂၂ ဒသမ ၆၇ ကျပ်ခန့် စိုက်ထုတ် ကျခံထားရကြောင်း၊ ထိုသို့စိုက်ထုတ်ကျခံခြင်းအတွက် ၂၀၁၅ ၂၀၁၆ ဘဏ္ဍာ နှစ်တွင် ခန့်မှန်း ငွေ ကျပ် ၂၈၃ ဘီလျံခန့်ရှိကြောင်းလည်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ယခုကဲ့သို့နိုင်ငံတော်က အရှုံးခံ စိုက်ထုတ် ဖြန့်ဖြူးပေးနေသည့် လျှပ်စစ်ဓာတ်အားကို ပြည်သူများအနေဖြင့် တရားမဝင် နည်းလမ်းများ မသုံးဘဲ ထုတ်ပြန်ထးသည့် လျှပ်စစ် ဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ ညွှန်ကြားချက်များ အတိုင်း ကူညီ လိုက်နာဆောင်ရွက်ပေးကြစေလိုကြောင်း၊ နိုင်ငံတော်၏ ဘဏ္ဍာငွေများ မဆုံးရှုံးစေရေးအတွက် ဓာတ်အားသုံး ပြည်သူများကလည်း ပြုပြင် ပြောင်းလဲသင့်ပါကြောင်း လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနက သတင်း ထုတ်ပြန်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.