Science & Technology
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းသို့ ငွေကျပ်သန်း ၄,၈၀၀ ကျော် ပံ့ပိုး ကူညီမည်
ရန်ကုန်၊ ဇွန် ၂၁ ရက် (ဆင်ဟွာ)
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း (YESC) သို့ ငွေကျပ်သန်း ၄,၈၀၀ ကျော် ပံ့ပိုးကူညီမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
အဆိုပါငွေကြေးဖြင့် ထရန်စဖော်မာ ၁၀၃ လုံး နှင့် ဖြန့်ဖြူးရေး လုပ်ငန်းများ ၊ ဓာတ်အားလိုင်းသစ် သွယ်တန်းခြင်း လုပ်ငန်းများတွင် သုံးစွဲမည်ဖြစ်ပြီး လမ်းမီးအတွက် ၃၃ ကေဗွီ ဓာတ်အားလိုင်း မိုင် ၉၀ ကျော် သွယ်တန်းခြင်း၊ ၁၁ ကေဗွီ ဓာတ်အားလိုင်း ၉၃ မိုင်ကျော် သွယ်တန်းခြင်း လုပ်ငန်းများ လုပ်ဆောင်မည် ဖြစ်ကြောင်း သိရသည်။
လျှပ်စစ်မီး ပုံမှန်ရရှိရေး အတွက် ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေး ကော်ပိုရေးရှင်းက သီးသန့် ဘတ်ဂျက်ဖြင့် ယခုဘဏ္ဍာနှစ် အတွင်း ငွေကျပ် ၃၅ ဘီလီယံကျော် အသုံးပြုရန် ရည်ရွယ်ထားကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ၂၀၁၀ ပြည့်နှစ်တွင် ၆၀၀ မဂ္ဂါဝပ်ကျော် ရှိရာမှ လျှပ်စစ် လိုအပ်ချက်သည် နှစ်စဉ် မြင့်တက်လာနေကြောင်း ၎င်းတာဝန်ရှိသူက ဆိုသည်။ (Xinhua)