Connect with us

Science & Technology

ဆင်ဟွာမြန်မာ Android App version အသစ် ထွက်ရှိ

ဆင်ဟွာမြန်မာ၏ Android Application ကို version အသစ်ဖြင့် ရရှိနိုင်ပါပြီ။

ယခု အသစ် ထုတ်လုပ်လိုက်သော Version ကို Google Play Store မှာ အခမဲ့ Download ရယူနိုင်ပြီး ဆင်ဟွာမြန်မာ၏ စာသတင်း၊ ဓာတ်ပုံသတင်း နှင့် ဗွီဒီယိုသတင်းများကို အချိန်နှင့် တပြေးညီ ဖတ်ရှု လေ့လာနိုင်မည် ဖြစ်ပါသည်။

ယခု ထွက်ရှိလာသည့် ဆင်ဟွာမြန်မာ Android App version အသစ်တွင် ယခင်ထက် ပိုမိုအဆင်ပြေစွာ ကြည့်ရှုနိုင်ရန် Features အသစ်များကို ထည့်သွင်းထားခြင်းကြောင့် ဗွီဒီယိုသတင်းများ တိုက်ရိုက် ကြည့်ရှုနိုင်ခြင်း၊ App အသုံးပြုနေစဉ်မှာပင် Like ပြုလုပ်နိုင်ခြင်း၊ သတင်းများအတွက် ဝေဖန်အကြံပြုချက် Comment များ ရေးသားနိုင်ခြင်း၊ သတင်းများကို Facebook, Twitter, Viber, WeChat, Email, LINE, Google+, SMS များသို့ တိုက်ရိုက် share ခြင်းများ လုပ်ဆောင်နိုင်ခြင်း၊ မိမိတို့ နှစ်သက်ရာ သတင်းများကို Favorite ပြုလုပ်ကာ မှတ်သားထားနိုင်ပြီး ထိုသတင်းများကို အင်တာနက်မလိုဘဲ အချိန်မရွေး ပြန်လည်ဖတ်ရှုနိုင်ခြင်း၊ အလင်းနည်းသည့်အချိန်တွင် Night Mode ဖြင့် ဖတ်ရှုနိုင်ခြင်းများအား လွယ်ကူစွာ လုပ်ဆောင်နိုင်ပါသည်။


ဆင်ဟွာမြန်မာ၏ သတင်းများကို “Xinhua Myanmar” အမည်ရှိ Mobile Application ၊ Website (https://xinhuamyanmar.com) ၊ Youtube ၊ Twitter နှင့် Google plus တို့တွင်လည်းကောင်း၊ “China Xinhua News” အမည်ရှိ Facebook စာမျက်နှာတွင်လည်းကောင်း ဝင်ရောက်၍ အချိန်နှင့် တပြေးညီ ဖတ်ရှုနိုင်ပါသည်။
ဆင်ဟွာမြန်မာ၏ သတင်းများကို အစဉ်တစိုက် ဖတ်ရှုအားပေးကြသော ပရိတ်သတ်အပေါင်းတို့ကို အထူးပင် ကျေးဇူးတင်ရှိပါသည်။ ဆင်ဟွာသတင်းများကို ဆက်လက်အားပေးကြပါဦးနော်။

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.