Science & Technology
ရန်ကုန်မြို့တွင် အသစ်ဆောက်မည့် ခုံးကျော်တံတား ၆ ခု အတွက် ကြိုတင် တိုင်းတာခြင်းများကို ဆောင်ရွက်လျက် ရှိဟုဆို
ရန်ကုန်၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ)
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအနေဖြင့် ယခုနှစ်အတွင်း ရန်ကုန်မြို့အတွင်း ခုံးကျော်တံတား ခြောက်ခု တည်ဆောက်ရန် လုပ်ဆောင်နေကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ဆင်ဟွာကို ပြောကြားသည်။
တည်ဆောက်မည့် ခုံးကျော်တံတာ းခြောက်ခုအနက် ရန်ကုန်မြို့လယ်တွင် နှစ်ခု၊ ပြည်လမ်းပေါ်တွင် သုံးခုနှင့် ဗဟန်းမြို့နယ်တွင် တစ်ခုဖြစ်ကြောင်း၊ ယင်း တည်ဆောက်ရေး စီမံကိန်းအတွက် အကြို အင်ဂျင်နီယာ လုပ်ငန်းများကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီကလည်းကောင်း၊ ခုံးကျော်တံတားများကို စက်လှေကား အပါအဝင် ဖြစ်နိုင်ခြေ လေ့လာတိုင်းတာမှု Feasibility Study ကို သက်ဆိုင်ရာ တာဝန်ရှိသူများက လည်းကောင်း လုပ်ဆောင်နေပြီဟုဆိုသည်။
“မြို့တွင်း သွားလာသူတွေ အနေနဲ့ အရှိန်လျှော့မောင်းရမယ့် လူကူး မျဉ်းကျားမှာ အရှိန်လျှော့ မမောင်းလို့ အခက်အခဲတွေ ရှိတယ်။ ခုံးကျော် တံတားတွေ ပြီးရင်တော့ တံတားပေါ်မှာ လမ်းဘေး ဈေးသည်တွေ ဈေးရောင်းချခွင့် ပေးတော့မှာ မဟုတ်ဘူး’’ ဟု ၎င်း တာဝန်ရှိသူက ပြောသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီသည် ပြီးခဲ့သည့် ဘဏ္ဍာရေး နှစ်တွင် ပြည်လမ်း၊ ကမ္ဘာအေးဘုရားလမ်း နှင့် ရန်ကုန်မြို့လယ်တို့တွင် ခုံးကျော်တံတား လေးခုဆောက်လုပ်ခဲ့သည်။ (Xinhua)