Connect with us

Science & Technology

မြန်မာ့ ပထမဆုံး စမတ်ဖုန်း ရုပ်ရှင်ပွဲတော် ကျင်းပမည်

ရန်ကုန် စမတ်ဖုန်း ရုပ်ရှင်ပွဲတော် အမှတ်တံဆိပ် (ဓာတ်ပုံ- www.spffmm.com)

ရန်ကုန်၊ ဇူလိုင် ၁၄ ရက် (ဆင်ဟွာ)

စမတ်ဖုန်းများဖြင့် ရိုက်ကူးထားသည့် ဗီဒီယိုများကို ဝင်ရောက် ယှဉ်ပြိုင်နိုင်မည့် မြန်မာ့ပထမဆုံး စမတ်ဖုန်း ရုပ်ရှင် ပြပွဲကို Yangon Heart Business Solution ကုမ္ပဏီမှ သြဂုတ်လအတွင်း ကျင်းပ သွားနိုင်ရန် စီစဉ်လျက် ရှိကြောင်း ၎င်းတို့၏ ဝက်ဘ်ဆိုကဒ်တွင် တရားဝင် ထုတ်ပြန်ထားသည်။

“ပြည်တွင်း၌ စမတ်ဖုန်း သုံးစွဲမှု မြင့်တက်လာချိန်တွင် စမတ်ဖုန်း ကိုင်ဆောင်သူများ၏ အနုပညာပိုင်း ဆိုင်ရာ တီထွင် ဖန်တီးမှုတွေကို ဖော်ထုတ် ပြသနိုင်ဖို့၊ ယဉ်ကျေးမှု ဓလေ့စရိုက်ကို ပြသနိုင်ဖို့ ရည်ရွယ်ပြီး ဒီပွဲတော်ကို လုပ်ဖြစ်တာပါ’’ ဟု ၎င်းကုမ္ပဏီမှ တာဝန်ရှိသူက ပြောသည်။

ပြိုင်ပွဲတွင် Short film အမျိုးအစားအဖြစ် ကြာမြင့်ချိန် ၅ မိနစ်မှ ၁၀ မိနစ်အတွင်း Movie Clip များဖြင့် ယှဉ်ပြိုင်ရမည် ဖြစ်ကြောင်းဆိုသည်။ ၎င်းတို့ဝက်ဘ်ဆိုဒ် ဖြစ်သည့် http://www.spffmm.com/ တွင် အသေးစိတ် အချက်အလက်များအား ရေးသားထား၍ ပြိုင်ပွဲဝင်မည့် သူများ ဝင်ရောက် ကြည့်ရှုနိုင်ကြာင်း ဆိုပါတယ်။

အဆိုပါ စမတ်ဖုန်း ရုပ်ရှင်ပွဲတော်တွင် ဒိုင်များအဖြစ် ဦးဇာဂနာ၊ ဒါရိုက်တာဝိုင်း၊ ဒါရိုက်တာ ကြည်ဖြူသျှင်၊ ဦးနေဖုန်းလတ်၊ ဦးဇော်သက်ထွေး၊ ဒါရိုက်တာဝီရ၊ မောင်မောင်သာမြင့်၊ ဒါရိုက်တာသိဒ္ဓိ တို့က ဒိုင်များ အဖြစ် ဆောင်ရွက်မည်ဟု သိရသည်။

ဒိုင်အဖြစ် ပါဝင်ရမည့် ဒါရိုက်တာ ကြည်ဖြူသျှင်က “ ကျွန်မက ဒီ စမတ်ဖုန်း ရုပ်ရှင်ပွဲတော်မှာ ဒိုင်အဖြစ် လုပ်ပေးရမယ်ဆိုတော့ စိတ်လှုပ်ရှား မိတယ်။ အခု အချိန်မှာ လူငယ် အများစုက စမတ်ဖုန်း တွေ ကိုင်လာကြတယ်။ ကိုယ့်စမတ်ဖုန်းနဲ့ ကိုယ်ဖန်တီးမှုလေးတွေ ပြခွင့်ရမှာပေါ့။ ဒါရိုက်တာညိုမင်းလွင် ကလည်း အိုင်ဖုန်းနဲ့ ဇာတ်ကား ရိုက်ထားတာရှိတယ်။ ဖန်တီးမှု အသစ်တွေ ထွက်လာမယ့် ပွဲလေးလို့ ထင်ပါတယ်” ဟု ပြောသည်။

ပွဲရက်ကို သြဂုတ်လအတွင်း အကြမ်းဖျဉ်း သတ်မှတ်ထားကြောင်း ရက်မရွေးရသေးကြောင်း ဒါရိုက်တာ ကြည်ဖြူသျှင်က ဆိုသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117