Science & Technology
ဟွာဝေး ကုမ္ပဏီ မှ “အနာဂတ်၏ မျိုးဆက်သစ်လေးများ အစီအစဉ်” ဖြင့် မြန်မာ နိုင်ငံ ရှိ ထူးချွန်ကျောင်းသား များကို ပညာလေ့လာသင်ယူရန် တရုတ် နိုင်ငံ သို့စေလွှတ်
ရန်ကုန် ၊ ဧပြီ ၆ ရက် (ဆင်ဟွာ)
ဟွာဝေး ကုမ္ပဏီ မှ ရန်ကုန်မြို့ရှိ ကွန်ပျူတာ တက္ကသိုလ် နှင့် သန်လျင်မြို့ ရှိ နည်းပညာ တက္ကသိုလ် တို့မှ ထူးချွန်ကျောင်းသား/သူ စုစုပေါင်း ၁၀ ဦး ကို တရုတ် နိုင်ငံ သို့စေလွှတ်ကာ ပညာလေ့လာသင်ယူစေမည့် ” အနာဂတ်၏ မျိုးဆက်သစ် လေးများ အစီအစဉ်” မိတ်ဆက်ပွဲ အခမ်းအနား ကို ဧပြီလ ၆ ရက်နေ့ နံနက်ပိုင်း အချိန်တွင် ရန်ကုန်မြို့ Myanmar Plaza office tower ရှိ ဟွာဝေး ကုမ္ပဏီ ရုံးခန်းတွင် ကျင်းပ ပြုလုပ် ခဲ့ပါသည်။
အခမ်းအနား သို့ မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ စီးပွားရေး သံမှူး ရှဲကော်ရှန် ၊ မြန်မာ နိုင်ငံ ပညာရေး ဝန်ကြီးဌာန သုတေသန နှင့် တီထွင်ဆန်းသစ်မှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းခိုင်မိုး ၊ ဟွာဝေး ကုမ္ပဏီ (မြန်မာ) CEO Mr.Zhang Liman ၊ သက်ဆိုင်ရာ တာဝန်ရှိသူများ ၊ ဆရာ/မ များ နှင့် ရွေးချယ်ခံရသည့် ကျောင်းသား/သူ တို့မှ တက်ရောက် ခဲ့ကြသည်။
ဟွာဝေး ကုမ္ပဏီ (မြန်မာ) CEO Mr.Zhang Liman က ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြား နေစဉ်(ဆင်ဟွာ)
မြန်မာ နိုင်ငံ ပညာရေး ဝန်ကြီးဌာန သုတေသန နှင့် တီထွင်ဆန်းသစ်မှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းခိုင်မိုး နှုတ်ခွန်းဆက် စကားပြောကြားနေစဉ်(ဆင်ဟွာ)
မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ စီးပွားရေး သံမှူး ရှဲကော်ရှန် က အမှာစကား ပြောကြား နေစဉ်(ဆင်ဟွာ)
ကျောင်းသူ/ကျောင်းသား များ ကိုယ်စား ကျောင်းသူ မမြတ်မွန်မွန်ကြည် မှ ကျေးဇူးတင် စကား ပြောကြား နေစဉ်(ဆင်ဟွာ)
ဟွာဝေး ကုမ္ပဏီ (မြန်မာ) CEO Mr.Zhang Liman က ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားရာတွင် ဟွာဝေး ကုမ္ပဏီ အနေဖြင့် မြန်မာ နိုင်ငံ ဆက်သွယ်ရေး ဝန်ကြီးဌာန နှင့် နည်းလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုး ထားခဲ့ပြီး မြန်မာ နိုင်ငံ ICT ကဏ္ဍ တိုးတက်ဖွံ့ဖြိုးရေး အတွက် ပူးပေါင်းဆောင်ရွက်မှု များပြုလုပ် ခဲ့ကြောင်း ၊ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ လ တွင်လည်း သန်လျင် နည်းပညာ တက္ကသိုလ် တွင် ဟွာဝေး Network Academy တစ်ခု ကို တည်ထောင်ခဲ့ကြောင်း ၊ ဟွာဝေး ကုမ္ပဏီ အနေဖြင့် မြန်မာ နိုင်ငံ ICT ကဏ္ဍ ဆက်လက် တိုးတက်ဖွံ့ဖြိုးရေး ကို တွန်းအားပေးစေရန် အတွက် ပညာရေး ဝန်ကြီး ဌာန နှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရ တို့ဖြင့် ပူးပေါင်းကာ ICT နည်းပညာ တိုးတက်ဖွံ့ဖြိုးရေး (ICT Talent Development ) ၅ နှစ် စီမံကိန်း နားလည်မှု စာချွန်လွှာကိုလည်း လက်မှတ်ရေးထိုး သွားရန် ရှိကြောင်း ၊ ၎င်းအစီအစဉ်တွင် အပိုင်း ၅ ပိုင်း ပါဝင်မည် ဖြစ်ကြောင်း ၊ ဤပူးပေါင်းဆောင်ရွက်မှု ၏ တစ်စိတ်တစ်ပိုင်း အနေဖြင့် ပြီးခဲ့သည့် နှစ် ဒီဇင်ဘာလ ပိုင်းမှ စတင်၍ ရန်ကုန် ကွန်ပျူတာ တက္ကသိုလ် နှင့် သန်လျင် နည်းပညာ တက္ကသိုလ် မှ ထူးချွန် ကျောင်းသား/သူ ၁၀ ဦးကို ရွေးချယ်ခဲ့ပြီး ယခုကဲ့သို့ စေလွှတ်ခဲ့ခြင်းဖြစ်ကြောင်း ထည့်သွင်း ပြောကြား ခဲ့သည်။
ဦးဝင်းခိုင်မိုး က နှုတ်ခွန်းဆက် စကား ပြောကြားရာတွင် ဟွာဝေး ကုမ္ပဏီ အနေဖြင့် မြန်မာ နိုင်ငံ အတွင်း CSR လုပ်ငန်းများစွာကို ဆောင်ရွက် ခဲ့ကြောင်း ၊ ယခု အစီအစဉ် သည်လည်း ဟွာဝေး ကုမ္ပဏီ မှ မြန်မာ နိုင်ငံ တွင် ဆောင်ရွက်သော အရေးပါသည့် CSR လုပ်ငန်း ဆောင်ရွက်မှု တစ်ခု ဖြစ်ကြောင်း ၊ ဟွာဝေး ကုမ္ပဏီ အနေဖြင့် မြန်မာ နိုင်ငံ ICT နည်းပညာ ကဏ္ဍ အသီးသီး မှ အသိပညာ တိုးပွားစေရန် များစွာ ကူညီပေး ခဲ့ကြောင်း ၊ ယခု အစီအစဉ် ဆောင်ရွက်ပေးခဲ့သည့် အတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြား ခဲ့သည်။
အဆိုပါ အခမ်းအနား တွင် မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ စီးပွားရေး သံမှူး ရှဲကော်ရှန် မှလည်း တက်ရောက် အမှာစကား ပြောကြား ခဲ့ပြီး တရုတ် နိုင်ငံ သို့ ပညာလေ့လာ သင်ယူရန် သွားရောက်မည့် ကျောင်းသူ/ကျောင်းသား များ ကိုယ်စား ကျောင်းသူ မမြတ်မွန်မွန်ကြည် မှ ကျေးဇူးတင် စကား ပြောကြား ခဲ့သည်။
ယခု ရွေးချယ် ခဲ့သည့် ကျောင်းသား/သူ ၁၀ ဦးသည် ဧပြီလ ၇ ရက်နေ့ မှ ၂၂ ရက်နေ့ အထိ တရုတ် နိုင်ငံ သို့သွားရောက်ပြီး တရုတ် နိုင်ငံ ယဉ်ကျေးမှု နှင့် ဟွာဝေး ရုံးချုပ် တွင် ICT နည်းပညာရပ်ဆိုင်ရာ များကို သွားရောက်လေ့လာကြမည် ဖြစ်သည်။” အနာဂတ်၏ မျိုးဆက်သစ် လေးများ အစီအစဉ်” သည် ဟွာဝေး ကုမ္ပဏီ ၏ ၂၀၀၈ ခုနှစ် မှ စတင်ခဲ့သည့် CSR ဆောင်ရွက်မှု တစ်ခု ဖြစ်ပြီး ၂၀၁၆ ခုနှစ် နှစ်ကုန် ချိန်အထိ ကမ္ဘာ့ နိုင်ငံ ပေါင်း ၉၆ နိုင်ငံ မှ ကျောင်းသား ပေါင်း ၂၇၀၀ ကျော်ကို တရုတ် နိုင်ငံ သို့ စေလွှတ်ကာ ပညာလေ့လာ သင်ယူစေခဲ့ကြောင်း သိရှိရသည်။(Xinhua)