Connect with us

Science & Technology

ရန်ကုန်တွင် သြင်္ကန်ကာလ အပါအဝင် မီး ကိုးရက်ခန့်ဖြတ်မည်

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန သတင်းစာ ရှင်းပွဲတွင် ဒုတိယ အမြဲတမ်း အတွင်းဝန် ဦးဌေးအောင် ပြောကြားနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဧပြီ ၇ ရက် (ဆင်ဟွာ)

သဘာဝဓာတ်ငွေ့သိုက် ရတနာ စီမံကိန်း၏ ဖွံ့ဖြိုးရေး လုပ်ငန်းတစ်ခုဖြစ်သည့် ပတ္တမြား စီမံကိန်း၏ LCP:_ low Compression Platform လုပ်ငန်းများထဲမှ Train လုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် ရန်ကုန်မြို့တွင် ဧပြီ ၁၂ ရက်မှ ၁၆ ရက်အထိ၊ ဧပြီ ၂၉ မှ ၃၀ ရက်အထိနှင့် မေ ၂၀ မှ ၂၁ ရက်အထိစုစုပေါင်း၉ရက် လျှပ်စစ်ဓာတ်အား အလှည့်ကျ ဖြတ်တောက်မည် ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယ အမြဲတမ်း အတွင်းဝန် ဦးဌေးအောင်က ပြောသည်။

ပတ္တမြား စီမံကိန်း တည်ဆောက်ရေး လုပ်ငန်းများပြီးစီးပါက ရတနာ သဘာ၀ ဓာတ်ငွေ့ စီမံကိန်း၏ သဘာ၀ ဓာတ်ငွေ့ ထုတ်လုပ်မှု ကျဆင်းနေမှုအပေါ် ပတ္တမြား စီမံကိန်းက ဖြည့်ဆည်းပေးသွား နိုင်မည်ဟုလည်း ၎င်းက ရှင်းပြသည်။

အဆိုပါ စီမံကိန်းများနှင့် ပတ်သက်ပြီး ရေနံနှင့် သဘာဝဓာတ်ငွေ့ စီမံရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်အောင်က “ လက်ရှိမှာ ရတနာစီမံကိန်းက တစ်ရက်ကို ကုဗပေ သန်းပေါင်း ၈၈၀ (880 Mcfd ) ထွက်ရှိနေပြီး ပြည်ပအတွက် 650 Mcfd နဲ့ ပြည်တွင်းသုံးအတွက် 230 Mcfd ထုတ်လုပ်နေတာပါ၊ ၂၀၁၈ က စပြီး ထုတ်လုပ်နိုင်မှုက တဖြည်းဖြည်း လျော့ကျ သွားမှာကြောင့် အဲဒီလျော့ကျမှုကို ဖြည့်နိုင်ဖို့ပတ္တမြား စီမံကိန်းကို ဆောင်ရွက်နေတာပါ” ဟု ပြောကြားခဲ့သည်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန သတင်းစာ ရှင်းပွဲတွင် ညွှန်ကြားရေးမှူးချုပ် ဦးဇော်အောင် ရှင်းလင်း တင်ပြစဉ် (ဆင်ဟွာ)

တည်ဆောက်ရေးကာလ သုံးနှစ်ခန့်ကြာမြင့်ခဲ့သည့် မတ္တမြား စီမံကိန်းသည် မြန်မာ့ ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းနှင့် TOTAL E & P Myanmar Co., Ltd. တို့အကျိုးတူ ပူးပေါင်း ဆောင်ရွက်လျက် ရှိသော ရတနာ စီမံကိန်း၏ M-5, M-6 အတွင်းရှိ သီးခြား သဘာ၀ ဓာတ် ငွေ့ သိုက်တစ်ခု ဖြစ်ပြီး ရတနာ စီမံကိန်း၏ ဖွံ့ဖြိုးရေး လုပ်ငန်း တစ်ခု ဖြစ်ကြောင်း၊ တည် ဆောက်မှု လုပ်ငန်းများ ၉၅ ဒသမ ၇ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း၊ ထိုစီမံကိန်း ပြီးပါက ရတနာစီမံကိန်း၏ ဓာတ်ငွေ့ထုတ်လုပ်မှု လျော့ကျလာခြင်းကို ပြည့်မီအောင် ၂၀၁၇ -၂၀၁၈ မှ ၂၀၂၁ – ၂၀၂၂ ခုနှစ်လောက်အထိ ဖြည့်ဆည်း ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.