Connect with us

Science & Technology

အထက်ဘီလူး ချောင်းရေအားလျှပ်စစ်စီမံကိန်းမှ ထွက်ရှိမည့် လျှပ်စစ်ဓာတ်အားဝယ်ယူနိုင်ရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲ

လျှပ်စစ်ဓာတ်အားဝယ်ယူနိုင်ရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးစဉ်(MOI)

ရန်ကုန်၊ ဒီဇင်ဘာ ၃၀ ရက် (ဆင်ဟွာ)

အထက်ဘီလူး ချောင်းရေအားလျှပ်စစ်စီမံကိန်းမှ ထွက်ရှိမည့် လျှပ်စစ်ဓာတ်အားဝယ်ယူနိုင်ရေး အတွက် သဘောတူစာချုပ် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး လုပ်ငန်းနှင့် စွမ်းအားသစ်အိုအေစစ် ဖွံ့ဖြိုးတိုးတက်မှု ကုမ္ပဏီလီမိတက်တို့ အကြား လက်မှတ်ရေးထိုးပွဲ သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သောသတင်းအရ သိရသည်။

အထက် ဘီလူးချောင်း ရေအားလျှပ်စစ်စီမံကိန်းတွင် ဓာတ်အားပေးစက်ရုံ နှစ်ရုံပါဝင်ပြီး စုစုပေါင်းစက်တပ်ဆင်အင်အားမှာ ၃ဝ ဒသမ ၄ မဂ္ဂါဝပ် ဖြစ်ကြောင်း၊ ဒီဇိုင်းအရ နှစ်စဉ်ထုတ်လုပ်နိုင်မှု ပမာဏမှာ ၁၃၄ ဒသမ ၄၈၂ ကီလိုဝပ် နာရီ သန်းပေါင်းဖြစ်ကြောင်း၊ စီမံကိန်း ပြီးစီးပါက ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့နှင့် အနီးပတ်ဝန်းကျင် ကျေးရွာများသို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်မည်ဖြစ်၍ သတ်မှတ် စီမံကိန်းကာလအတိုင်း အကောင် အထည်ဖော် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းခိုင်က ပြောကြားသည်။

ထို့အပြင် ဒေသခံ ပြည်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်းများရရှိခြင်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ပြုခြင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်း ကာကွယ်မှုအစီအစဉ်နှင့် လူမှုရပ်ရွာ အကျိုးပြုမှု အစီအစဉ်အဖြစ်CSR လုပ်ငန်းအတွက် နှစ်စဉ် အသားတင် အမြတ်ငွေ၏ နှစ်ရာခိုင်နှုန်းကို အသုံး ပြုမည်ဖြစ်ခြင်းတို့ကြောင့် ဒေသဖွံ့ဖြိုး ရေးအပြင် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက် ရေးအတွက် အထောက်အကူဖြစ်စေ မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.