Science & Technology
အာဖရိက ငါးခူနှင့် မျိုးစပ်ထားသည့် ငါးခူများကို တရုတ် နှင့် ဂျပန် နိုင်ငံတို့က သုံးနှစ် စာချုပ်ဖြင့် ဝယ်ယူမည်

ရန်ကုန်၊ မေ ၉ ရက် (ဆင်ဟွာ)
အာဖရိက ငါးခူမျိုးများနှင့် တိုင်းရင်းငါးခူ မျိုးစိတ်ကို မျိုးစပ် မွေးမြူထားသည့် ငါးခူများအား တရုတ်နှင့် ဂျပန် နိုင်ငံ တို့က သုံးနှစ် စာချုပ်ဖြင့် ဝယ်ယူရန် ကမ်းလှမ်းမှုကို လက်ခံလိုက်ပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ် အမှုဆောင် ဒုတိယ ဥက္ကဋ္ဌ ဦးဟန်ထွန်းက ပြောသည်။
အာဖရိက ငါးခူမှာ ကြီးထွားမှုနှုန်း မြန်ဆန်၍ မျိုးပွားမှုနှုန်း ကောင်းမွန်ပြီး တိုင်းရင်း ငါးခူမျိုးမှာ အရွယ်အစား သေးငယ်သည့် အပြင် မျိုးပွားမှု နှုန်းနှေး၍ အသား အရည်အသွေး ကောင်းမွန်ခြင်းကြောင့် ယင်းတို့နှစ်မျိုးကို မျိုးစပ် မွေးမြူချိန်တွင် အရည် အသွေး ကောင်းမွန်လာသဖြင့် ပြည်ပနိုင်ငံများက နှစ်ရှည် ဝယ်ယူရန် စီစဉ်ရခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းမျိုးစပ် ငါးခူမှာ မွေးမြူချိန် ခုနစ်လ ဝန်းကျင်သာ ကြာမြင့်မည် ဖြစ်ကြောင်း ၎င်းကဆိုသည်။ (Xinhua)