Connect with us

Social

ကယားပြည်နယ်သို့ ယခုနှစ် ၉လအတွင်း ပြည်ပခရီးသွားဧည့်သည် ၃၉၈၆ဦး ဝင်ရောက်လည်ပတ်

ကယားပြည်နယ်တွင်း ခရီးသွားအမြောက်အများလာရောက်သော တောင်ကွဲစေတီအားတွေ့ရစဉ်(ဓာတ်ပုံ- အင်တာနက်)

ရန်ကုန်၊ အောက်တိုဘာ ၅ ရက် (ဆင်ဟွာ)

ကယားပြည်နယ်သို့ ၂ဝ၁၆ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ ၉လအတွင်း ပြည်ပခရီးသွား ဧည့်သည် ၃၉၈၆ဦး ဝင်ရောက်လည်ပတ်ခဲ့ကြောင်း ကယားပြည်နယ် ဟိုတယ်နှင့် ခရီးသွားညွှန်ကြား မှုဦးစီးဌာနထံမှ သိရသည်။

အဆိုပါ ကယားပြည်နယ်တွင်း လိုင်စင်ရ ဧည့်လမ်းညွှန်နှင့် ဒေသဆိုင်ရာ ဧည့်လမ်းညွှန် စုစုပေါင်း ၂၃၄ဦးရှိသည်။

ယင်း ကယားပြည်နယ်၌ တောင်ကွဲစေတီ၊ မြို့နာမ်စေတီ၊ ကန္ဒရဝတီ ဟော်နန်း၊ ထီးပွင့်ကန်၊ ကန်ခုနှစ်ဆင့်၊ ထီးစဲခါး ရေတံခွန်၊ လောပီတ လျှပ်စစ် ဓာတ်အားပေး စက်ရုံ၊ ကြတ်ဂူ၊ နောင်ယားကန်၊ ပန်ပက် ကျေးရွာနှင့် တနှီးလာလဲ ကျေးရွာ ခရီးစဉ် များကို စီစဉ် ဆောင်ရွက်လျက် ရှိသည်။

ကယား တိုင်းရင်းသားရိုးရာ ချည်မျှင်ထုတ်လုပ်ငန်းနှင့် ရိုးရာဓလေ့ ထုံးတမ်းများ ပြန်လည်ဖော်ထုတ် တင်ဆက်နေမှု၊ ရပ်ရွာဓလေ့ဖြစ်သည့် တောလိုက်ခြင်း၊ ရိုးရာ တံခွန်တိုင် လွှင့်ထူခြင်း ကြက်ရိုး ထိုးခြင်းတို့ဖြင့် ခရီးသွားများအား ဆွဲဆောင်နေမှု၊ International Trade Center (ITC)၏ အကူအညီဖြင့် ဟိုတယ် လုပ်ငန်းရှင်များ၊ ခရီးသွား လုပ်ငန်းရှင်များ၊ ဧည့်လမ်းညွှန်များ၊ စားသောက်ဆိုင် လုပ်ငန်းရှင်များကို သင်တန်းများ ပို့ချပေးနေမှု၊ ဒေသ ဆိုင်ရာ ခရီးသွား ဧည့်လမ်းညွှန်များ မွေးထုတ်ပေးနေမှုတို့အပြင် ဘာဒို ကျေးရွာတွင် သဘာဝ အခြေခံ ခရီးသွား လုပ်ငန်းနှင့် လူထုအခြေပြု ခရီးသွား လုပ်ငန်းများ ဆောင်ရွက် နိုင်ရန် စီစဉ် လျက်ရှိသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.