Connect with us

Social

နိုင်ငံတကာ စိုက်ပျိုးရေး ၊ မွေးမြူရေး နှင့် ရေလုပ်ငန်းဆိုင် ရာ ကုန်စည်ပြပွဲ နှင့် ဟောပြောပွဲ စတင်ကျင်းပ

မြန်မာနိုင်ငံ၌ ကျင်းပ သော နိုင်ငံတကာ ကုန်စည်ပြပွဲ နှင့် ဟောပြောပွဲ အားတွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ)

နိုင်ငံတကာ စိုက်ပျိုးရေး ၊ မွေးမြူရေး နှင့် ရေလုပ်ငန်းဆိုင် ရာ ကုန်စည်ပြပွဲ နှင့် ဟောပြောပွဲ အခမ်းအနားအား ယနေ့စက်တင်ဘာ ၂၆ ရက်တွင် ရန်ကုန်မြို့၌ စတင်ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြပွဲ၏ ဖွင့်ပွဲအခမ်းအနား တွင် မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ ဦးခင်လှိုင် က ယခုလို ပွဲများသည် မိမိတို့၏ အသိပညာ ဗဟုသုတများ နှင့် လယ်ယာ စိုက်ပျိုးရေး စနစ်များကို အဆင့် မြှင့် တင်ရန် များစွာ အကူအညီဖြစ်စေကြောင်း ပြောကြားခဲ့သည်။

“ဒီပွဲကနေတဆင့် မြန်မာ့မွေးမြူရေးကဏ္ဍနဲ့အခြားသော လယ်ယာလုပ်ငန်းတွေအတွက် ပြည့်ဝ ကောင်းမွန်တဲ့ ရလဒ်များ ရရှိစေနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ဒီပွဲဟာ ပြည်တွင်းပြည်ပ လုပ်ငန်းရှင်တွေ အတွက် မြန်မာ့ ဈေး ကွက်ကို ထဲထဲဝင်ဝင်သိလာစေပြီး အခြားသောသက်ဆိုင်ရာ ကဏ္ဍတွေ အတွက်လည်း အခွင့်အလမ်းကောင်းတွေ ရရှိစေနိုင်မယ့် စြင်္ကတစ်ခုဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ကျင်းပပြုလုပ်မည့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ငါးမွေးမြူရေး  နှင့် ရေလုပ်ငန်းဆိုင်ရာ နိုင်ငံတကာ ကုန်စည်ပြပွဲ နှင့် ဟောပြောပွဲ (6th International Exhibition and Conference on Agriculture, Livestock and Aqua Fisheries) သည် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ငါးလုပ်ငန်း နှင့် ရေလုပ်ငန်းအတွက် မြန်မာ နှင့် နိုင်ငံတ ကာ စီးပွားရေးလုပ်ငန်းများ ချိတ်ဆက်နိုင်ရန် နှင့် စီးပွားရေးလုပ်ငန်း ချဲ့ထွင်နိုင်ရန်၊ အထောက်အကူပေးနိုင်ရန် ရည်ရွယ်ပြီး ကျင်းပခဲ့ခြင်းဖြစ်သည်။

အခမ်းအနား တွင် Minh Vi Exhibition & Advertising Service Co., Ltd (VEAS) ၏ Business Developm ent Manager ဖြစ်သူ  Brandon က ယခုပွဲမှ တစ်ဆင့် စီးပွားရေးလုပ်ငန်းဆိုင်ရာ အခွင့်အလမ်းများ ၊ အ ဆင့်မြင့်နည်းပညာများနှင့် လာရောက် ကြည့်ရှုလေ့လာသူများ အတွက် အသုံးဝင်အရေးပါမည့် အချက်အလက် များ ရရှိနိုင်မည် ဖြစ်ကြောင်း ၊ Exhibitors များက ၎င်းတို့၏ ထုတ်ကုန်ပစ္စည်းများ နှင့် ဝန်ဆောင်မှုများကို ပြသသွားမည် ဖြစ်သည့် အပြင် အားလုံးနှင့် ပူးပေါင်းပြီး နည်းလမ်းများ ၊ လိုအပ်ချက်များ နှင့် ပိုပြီးကောင်း မွန်သော နည်းပညာများ နှင့် လုပ်ငန်းများ အကြောင်းကို ဆွေးနွေးသွားကြမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ပြပွဲတွင် – ဆဌမအကြိမ်မြောက် မြန်မာနိုင်ငံတွင် ကျင်းပပြုလုပ်မည့် စိုက်ပျိုးရေးဆိုင်ရာ နိုင်ငံတကာ ကုန် စည်ပြပွဲ နှင့် ဟောပြောပွဲ ( Agri Myanmar 2019) ၊ ဆဌမအကြိမ်မြောက် မြန်မာနိုင်ငံတွင် ကျင်းပပြုလုပ်မည့် မွေးမြူရေး၊ နို့ နှင့် နို့ထွက်ပစ္စည်း၊ အသားထုတ်လုပ်ခြင်း ဆိုင်ရာ နိုင်ငံတကာ ကုန်စည်ပြပွဲ နှင့် ဟောပြပွဲ (Livestock Myanmar 2019) နှင့် ဆဌမအကြိမ်မြောက် မြန်မာနိုင်ငံတွင် ကျင်းပပြုလုပ်မည့် ငါးမွေးမြူရေး နှင့် ရေထွက်ပစ္စည်း ဆိုင်ရာ နိုင်ငံတကာ ကုန်စည်ပြပွဲ နှင့် ဟောပြောပွဲ (Aqua Fisherises Myanmar 2019) စ သော ထင်ရှားသောပြပွဲကြီး သုံးခုပါဝင်ပါသည်။

အဆိုပါ ဆဌမအကြိမ်မြောက် နိုင်ငံတကာ စိုက်ပျိုးရေး ၊ မွေးမြူရေး နှင့် ရေလုပ်ငန်းဆိုင် ရာ ကုန်စည်ပြပွဲ နှင့် ဟောပြောပွဲအား စက်တင်ဘာ ၂၆ ရက် မှ ၂၈ ရက် အထိ ရန်ကုန်မြို ့၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိ ရ သည်။

သုံးရက်ကြာ ကျင်းပပြုလုပ်မည့် ပြပွဲတွင် ကနေဒါ၊ အီတလီ ၊ ထိုင်း ၊ ဗီယက်နမ်၊ ကိုရီးယား၊ မြန်မာ၊ အိန္ဒိယ၊ တရုတ်၊ အစ္စရေး စသော နိုင်ငံများမှ ၎င်းတို့၏ ကုန်ပစ္စည်းများကို ပါဝင်ပြသသွားမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါ ပြပွဲကို မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ်၊ မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်၊ မြန်မာနိုင်ငံ သစ်သီး ဝလံ၊ ပန်းမန် နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်း နှင့် မြန်မာနိုင်ငံ အလှမွေး ငါးလုပ်ငန်းရှင်များ အသင်း တို့၏ ပံ့ပိုးပြီး Minh Vi Exhibition & Advertising Service Co; Ltd (VEAS) မှစီစဉ်ဆောင်ရွက်ခြင်းဖြစ်ကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.