Connect with us

Social

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ အခွန်အခများအား YCB Payment Gateway အသုံးပြု၍ ကောက်ခံခြင်းလုပ်ငန်းစတင်

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း အဖွင့်အမှာစကားပြောကြားစဉ် (ဓာတ်ပုံ-- YRG)

ရန်ကုန်၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ)

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ အခွန်အခများအား YCB Payment Gateway အသုံးပြု၍ AYE Bank, KBZ Pay, CB Bank တို့မှ ကောက်ခံပေးသွင်းခြင်းလုပ်ငန်း စတင်ဆောင်ရွက် အခမ်းအနားကို စင်တင်ဘာ ၁၂ ရက် နံနက်(၉)နာရီတွင် ရန်ကုန်မြို့တော်ခန်းမ၌ ကျင်းပခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ယနေ့သတင်းထုတ်ပြန်သည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း က “ကျွန်တော်တို့ မြို့တော်စည်ပင်သာယာ နယ်နိမိတ်အတွင်းမှာ နေထိုင်နေကြတဲ့ ပြည်သူအားလုံးဟာ မြို့တော်ကြီးသာယာလှပဖို့၊ မြို့တော်ကြီး စည်ပင်ဝပြောလာဖို့ အားလုံးဟာ မြို့တော်စည်ပင်သာယာနဲ့ ပူးပေါင်းဆောင်ရွက်နေကြရတာ ဖြစ်ပါတယ်။ မြို့တော်စည်ပင်သာယာနဲ့ မဆက်စပ်ဘဲနဲ့ သူတို့ရဲ့ လူမှုဘဝတွေရဲ့ ဝန်ဆောင်မှုတွေကို ဆောင်ရွက်နိုင်မှာ မဟုတ်ပါဘူး။ မြို့တော်အတွင်းမှာရှိနေတဲ့ ရေစီးရေလာ ကောင်းမွန်ဖို့၊ လမ်းပန်းဆက်သွယ်ရေးကောင်းဖို့၊ အိမ်ရာထူထောင်ဖို့ မြို့တော်စည်ပင်သာယာနဲ့ ဆက်စပ်ပြီး ဆောင်ရွက်ကြရတာ ဖြစ်ပါတယ်။ ဒါကြောင့် မြို့တော်စည်ပင်သာယာနဲ့ ဆက်စပ်ဆောင်ရွက် ကြရတဲ့ နယ်ပယ်အားလုံးဟာ အခွန်ပေးဆောင်မှုကလည်း အရေးကြီးတဲ့ ကဏ္ဍတစ်ခုမှာ ပါဝင်ပါတယ်။ ဘာကြောင့်လဲဆို အခွန်ဟာ မြို့တော်ကြီး ဖွံ့ဖြိုးဖို့အတွက် ဘတ်ဂျက်ရရှိရေးကဏ္ဍမှာ အရေးကြီးပါတယ်။ ဒီနေရာမှာ ပြည်သူတွေက အခွန်ပေးဆောင်ရတဲ့နေရာမှာ အခွန်လည်း ပေးဆောင်ရတယ်။ ဝန်ဆောင်မှု ကောင်းကောင်းနဲ့ လွယ်လွယ်ကူကူ ပေးဆောင်လို့ရအောင် မဆောင်ရွက်ပေးနိုင်ဘူးလားဆိုတဲ့ မေးခွန်းထုတ်လာနိုင်စရာ အများကြီး ရှိပါတယ်။ ဒီ့အတွက် မြို့တော် စည်ပင်သာယာဘက်နေ payment စနစ်တစ်ခုကို အခု စတင်ဖို့အတွက် ဆောင်ရွက်လိုက်ပြီ ဖြစ်ပါတယ်။” ဟု ပြောသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီတွင် မြို့တော်ဘဏ်ရှိပြီး ဝန်ဆောင်မှုကောင်းများအား ပေးနိုင်ရန်အတွက် ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်နေကြောင်း၊ မြို့တော်ဘဏ်မှ မိတ်ဖက်ဘဏ်များဖြစ်သော ကမ္ဘောဇဘဏ်၊ ဧရာဘဏ်၊ CB ဘဏ်တို့နှင့် ချိတ်တွဲ၍ အခွန်များ ပေးဆောင်ရာတွင် ပြည်သူများအတွက် အကောင်းဆုံး ဝန်ဆောင်မှုတစ်ခု ပေးနိုင်ရန် Mobile banking ဖြင့် စတင်တော့မှာ ဖြစ်ကြောင်း၊ ယင်းစတင်မှုများနှင့်အတူ ပြည်သူများအကြား အခွန်ပေးဆောင်မှုစနစ် ကျယ်ကျယ်ပြန့််ပြန့် သိရှိနိုင်ရေးအတွက် မိတ်ဆက်ပွဲများ ဆောင်ရွက်ရန် လိုအပ်မှာ ဖြစ်ကြောင်း၊ မြို့တော်စည်ပင်သာယာအနေဖြင့် ယခုနှစ်မကုန်ခင် ကာလအတွင်း Single Window တက်နိုင်ရန် ကြိုးပမ်းသွားမှာ ဖြစ်ကြောင်း၊ Single Window အား အွန်လိုင်း mobile banking မှတစ်ဆင့် အခွန်ဆောင်ခြင်းသည် ဝန်ဆောင်မှုကောင်းတစ်ရပ် ဖြစ်နိုင်သလို တစ်ဖက်တွင်လည်း အဂတိမှုများ ကင်းရှင်းသွားမှာ ဖြစ်ကြောင်း၊ မြို့တော်စည်ပင်သာယာ၏ ဆောင်ရွက်မှုများသည် မိမိတို့နိုင်ငံတွင် လာရောက် ရင်းနှီးမြှုပ်နှံသူများအား ဖိတ်ခေါ်ရာတွင် များစွာ အထောက်အကူပြုမှာ ဖြစ်ကြောင်း ဝန်ကြီးချုပ်က ဆက်လက်ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.