Social
နေပြည်တော်တွင် မြို့တော်ဝန် မဟာသြင်္ကန် မဏ္ဍပ်အပါအဝင် မဏ္ဍပ်ပေါင်း ၂၂ ခု ဆောက်လုပ်သွားမည်

ရန်ကုန် ၊ ဧပြီ ၄ ရက်(ဆင်ဟွာ)
နေပြည်တော်တွင် မြို့တော်ဝန် မဟာသြင်္ကန် မဏ္ဍပ်အပါအဝင် မဏ္ဍပ်ပေါင်း ၂၂ ခု ဆောက်လုပ်သွားမည်ဖြစ်ပြီး လမ်းလျှောက် သြင်္ကန်များ လည်း ပါဝင်မည်ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ သတင်း ထုတ်ပြန်မှု အရ သိရသည်။
ယခုနှစ် နေပြည်တော်မြို့တော်ဝန် မဟာသြင်္ကန်မဏ္ဍပ် တွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ တေးသံရှင် များနှင့် ယိမ်းအဖွဲ့များ၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ခေတ်ပေါ်တေးဂီတအဖွဲ့နှင့် တေးသံရှင် များ၊ ငြိမ်းချမ်းရေးဂီတ ပွဲတော်မှ အနုပညာရှင်များ၊ နိုင်ငံကျော် ခေတ်ပေါ်တေးသံရှင် များနှင့် ဌာနဆိုင်ရာများမှ ယိမ်းအဖွဲ့ဝင်များဖြင့် စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း ၊ မြို့တော်ဝန် မဟာသြင်္ကန်မဏ္ဍပ် ဖွင့်ပွဲ၊ ပိတ်ပွဲ အခမ်းအနားများကိုလည်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ တိုက်ရိုက် ထုတ်လွှင့် ပြသသွားမည် ဖြစ်ကြောင်း သိရသည်။
ထို့အတူ ရခိုင်ရိုးရာ သြင်္ကန်မဏ္ဍပ်တွင်နေပြည်တော်ရှိ ရခိုင် တိုင်းရင်းသား များဖြင့် ရိုးရာနှင့်အညီ ရခိုင်သြင်္ကန် ပွဲတော်ကိုလည်း ကျင်းပ ပြုလုပ် သွားမည် ဖြစ်ကြောင်း သိရသည်။(Xinhua)