Connect with us

Social

ရန်ကုန်တိုင်းဒေသကြီးတွင် မြေအသုံးပြုခွင့်လျှောက်ထားခြင်း နှင့်ပတ်သက်၍ မြေစီမံခန့်ခွဲမှုကော်မတီက အသိပေးကြေညာချက်ထုတ်ပြန်

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မြေစီမံခန့်ခွဲမှုကော်မတီ ၏ အသိပေးကြေငြာချက်အားတွေ့ရစဉ် (YRG)

ရန်ကုန်၊ အောက်တိုဘာ ၁၁ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီးတွင် မြေအသုံးပြုခွင့်လျှောက်ထားသူများအနေဖြင့် လျှောက်ထားကာလမှာ (၁)လ အတွင်း ဖြစ်သည့်အတွက် လျှောက်လွှာဝယ်ယူရန် စိတ်ပူပန်စွာ စောင့်ဆိုင်း၊ ဆောင်ရွက်ရန်မလိုဘဲ စည်းကမ်းချက်များ၊ မြေကွက်တည်နေရာများကို သေချာဖတ်ရှု၍ ကြိုတင်စဉ်းစားလေ့လာပြီးမှ လျှောက်လွှာဝယ်ယူပါက ပိုမိုအဆင်ပြေချောမွေ့နိုင်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မြေစီမံခန့်ခွဲမှုကော်မတီက အသိပေးကြေညာချက်ထုတ်ပြန်ခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ မြေစီမံခန့်ခွဲမှုကော်မတီမှ နိုင်ငံပိုင် နေ့စဉ်ထုတ်သတင်းစာများတွင် စီးပွားရေးလုပ်ငန်းများ၊ စက်မှုလုပ်ငန်းများ လုပ်ကိုင်ရန်အတွက်လည်းကောင်း၊ လူနေထိုင်ရန်အတွက်လည်းကောင်း၊ မြေအသုံးပြုခွင့်လျှောက်ထားနိုင်ကြောင်း၊ လျှောက်လွှာရောင်းချမည့်နေ့မှာ ၇-၁၀-၂၀၁၉ ရက်နေ့မှ လျှောက်လွှာတင်သွင်းရမည့် နောက်ဆုံးနေ့ရက်ဖြစ်သည့် ၈-၁၁-၂၀၁၉ ရက်နေ့ထိ လျှောက်လွှာဝယ်ယူ/တင်သွင်းနိုင်ကြောင်း ကြေညာခဲ့သည်။

လျှောက်လွှာပါ အချက်အလက်များကို ကြိုတင်လေ့လာထားပြီး မိမိလျှောက်ထားရမည့် အချက်အလက်များကို ကြိုတင်ပြင်ဆင်ထားသင့်ကြောင်း၊ ထိုသို့ဆောင်ရွက်ထားပါက လျှောက်လွှာရရှိသည်နှင့် အချိန်တိုအတွင်း ဖြည့်စွက်လျှောက်ထားနိုင်မည် ဖြစ်ကြောင်း၊ သို့ပါ၍ မြေအသုံးပြုခွင့်လျှောက်ထားသူများ အနေဖြင့်၊ လျှောက်လွှာရရှိရေးကို အဓိက မထားဘဲ (၁)လ အတွင်း ဆောင်ရွက်နိုင်ပါသဖြင့် အေးဆေးသက်သာစွာ လျှောက်လွှာရယူဆောင်ရွက်ကြပါရန် အသိပေးတိုက်တွန်းအပ်ကြောင်း  အသိပေးကြေညာချက်ထဲတွင် ပါရှိသည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.