ရန်ကုန် ၊ ဧပြီ ၂၄ ရက်(ဆင်ဟွာ) ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၌ အဆောက်အဦ ဆောက်လုပ်ရန် တူးဖော်နေစဉ် ဗုံးသီးဟောင်း အလုံး ၉၀ အား တူးဖော် တွေ့ရှိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ထုတ်ပြန်မှု အရ သိရသည်။
နေပြည်တော်၊ ဧပြီ ၂၃ ရက်(ဆင်ဟွာ) နိုင်ငံတကာ ဆန်ဈေးကွက်များအတွင်း ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် သက်ဆိုင်ရာ ကုန်သည် လုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ အရည်အသွေး စစ်ဆေးရေး အဖွဲ့များက ပိုမို တွန်းအားပေး ပူးပေါင်း ဆောင်ရွက်ကြရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ သန်းမြင့်က...
ရန်ကုန် ၊ ဧပြီ ၂၂ ရက်(ဆင်ဟွာ) အိုင်ဗရီကို့စ် နိုင်ငံ၌ စားသုံးရန် မသင့်ဟုဆိုကာ မြန်မာ့ဆန်များ ဖျက်ဆီးခြင်းခံရသည့် ကိစ္စရပ်နှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ စိစစ်လေ့လာတွေ့ရှိချက်များ၊ ဖြစ်စဉ် အကြောင်းတရားများအပေါ် ယနေ့ဧပြီ ၂၂ ရက်တွင် ရန်ကုန်မြို့၌ သတင်းမီဒီယာများအား တွေ့ဆုံရှင်းလင်းခဲ့သည်။
မန္တလေး၊ ဧပြီ ၁၃ ရက်(ဆင်ဟွာ) နိုင်ငံတော် ငြိမ်းချမ်း သာယာ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ယခုနှစ်သစ်မှစပြီး အားသစ် အင်သစ် ရည်မှန်းချက်သစ်များဖြင့် ဆောင်ရွက်ရန် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာ မြင့်မောင်က ယနေ့နံနက် မန္တလေးမြို့တော် မဟာသြင်္ကန်မဏ္ဍပ် ဖွင့်ပွဲတွင် ပြောကြားခဲ့သည်။
ရန်ကုန် ၊ ဧပြီ ၁၁ ရက်(ဆင်ဟွာ) သြင်္ကန်ပွဲတော် ဆင်နွှဲရန် ထိုင်းနိုင်ငံမှ နေရပ်ပြန်ဝင်လာသူ မြန်မာလုပ်သား ဦးရေမှာ ဧပြီ ၅ ရက်မှ ၁၀ ရက်အတွင်း ဦးရေ တစ်သိန်းကျော် ခန့်ရှိပြီ ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်သော သတင်း အရ သိရသည်။
ရန်ကုန် ၊ ဧပြီ ၉ ရက်(ဆင်ဟွာ) ၂၀၁၉ ခုနှစ် မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသြင်္ကန် ပွဲတော် ကာလ အတွင်း YBS ယာဉ်လိုင်းများ ၊ အဝေးပြေး ယာဉ်လိုင်းများ ၊ ရန်ကုန် မြို့ပတ် ရထား နှင့် အထူး ရထား ပြေးဆွဲမည့်...
ရန်ကုန်၊ ဧပြီ ၆ ရက် (ဆင်ဟွာ) ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းမှ ကောက်ယူရရှိသော လူဦးရေကို အခြေခံ၍ ခန့်မှန်းတွက်ချက်မှုများအရ ၂၀၁၉ ခုနှစ် ဧပြီ ၁ ရက်တွင်ရှိသော မြန်မာနိုင်ငံ၏လူဦးရေမှာ ၅၄ .၁၀ သန်း ရှိကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်...
နေပြည်တော်၊ ဧပြီ ၅ ရက် (ဆင်ဟွာ) ၂၀၁၉ ခုနှစ် နေပြည်တော်သြင်္ကန်ဖွင့်ပွဲကို ဧပြီ ၁၃ ရက် သြင်္ကန်အကြိုနေ့ ညနေ ၅ နာရီတွင် နေပြည်တော် စည်ပင်သာယာရေး ကော်မတီ မြို့တော်ဝန်မဏ္ဍပ် နေပြည်တော် မြို့တော်ခန်းမရှေ့တွင် ကျင်းပမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။
နေပြည်တော်၊ ဧပြီ ၅ ရက်(ဆင်ဟွာ) ခွဲခြား ဆက်ဆံမှု ကင်းသော အားလုံး ပေါင်းစည်း ပါဝင်နိုင်ရေး၊ သာယာကောင်းမွန်သော လူ့ အဖွဲ့ အစည်း တစ်ရပ် ဖြစ်ပေါ်လာရေး၊ တန်းတူ ညီမျှ ဖွံ့ဖြိုး တိုးတက်ရေးတို့အတွက် မသန်စွမ်း သူများ ပြန်လည် ထူထောင်ရေး၊ ဖွံ့ဖြိုး တိုးတက်ရေး၊...
နေပြည်တော်၊ ဧပြီ ၄ ရက်(ဆင်ဟွာ) မိုင်းကြောင့် ထိခိုက်ဒဏ်ရာ ရခဲ့သူ ၄၉၉ ဦးတို့အား ကျပ် ၉၉၈ သန်း ထောက်ပံ့နိုင်ခဲ့သည်ဟု လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးစိုးအောင်က ယနေ့ ပြောကြားခဲ့သည်။