Connect with us

Social

မယ်စကြဝဠာ မြန်မာ ၂၀၁၉ သရဖူအား ဘားအံ အလှမယ် ဆွေဇင်ထက် ဆွတ်ခူး ရရှိ


ရန်ကုန် ၊ မေ ၃၁ ရက်(ဆင်ဟွာ)

နိုင်ငံများစွာမှ အလှမယ်များ ဝင်ရောက်ယှဉ်ပြိုင်မည့် မယ်စကြဝဠာ (Miss Universe 2019 ) ပြိုင်ပွဲသို့ မြန်မာနိုင်ငံ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိမည့်မယ်စကြ
ဝဠာ မြန်မာ ၂၀၁၉ ပြိုင်ပွဲ နောက်ဆုံး အဆင့် ယှဉ်ပြိုင်မှုအား ယနေ့မေ ၃၁ ရက်တွင် ရန်ကုန်မြို့၌ ကျင်းပခဲ့ရာ မယ်စကြဝဠာ မြန်မာ ၂၀၁၉ သရဖူအား ကရင်ပြည်နယ် ဘားအံ ကိုယ်စားပြု ယှဉ်ပြိုင်ခဲ့သော အလှမယ် ဆွေဇင်ထက်က ဆွတ်ခူး ရရှိခဲ့ကြောင်း သိရသည်။

ပြိုင်ပွဲ နောက်ဆုံး အဆင့် ယှဉ်ပြိုင်မှုတွင် 1st Runner up ဆုကို မြိတ်ကိုယ်စားပြု ယှဉ်ပြိုင်ခဲ့သော အလှမယ် မွှေးသက် ကရရှိခဲ့ပြီး2nd Runner up ဆုကို မန္တလေး ကိုယ်စားပြု ယှဉ်ပြိုင်ခဲ့သော ထက်သီရိဇော် က ရရှိခဲ့ကြောင်း သိရသည်။

မယ်စကြဝဠာ မြန်မာ ၂၀၁၉ တွင် ဆုရရှိသူများအား တွေ့ရစဉ်(ဆင်ဟွာ)

ပြိုင်ပွဲ နောက်ဆုံး အဆင့် ယှဉ်ပြိုင်မှုတွင် အလှမယ် ၂၆ ဦးက ရေကူးဝတ်စုံဖြင့် ယှဉ်ပြိုင်ခြင်း ၊ ဆန်ကာတင် ၁၃ ဦး ရွေးချယ်ခြင်း ၊ ညနေခင်း ဝတ်စုံဖြင့် ယှဉ်ပြိုင်ခြင်းများ ပြုလုပ်ခဲ့ပြီးနောက် Titles ဆုများ ပေးအပ် ချီးမြှင့်ကာ ၁၃ ဦး အနက် ၆ ဦးကို ထပ်မံရွေးချယ်ခြင်းများ ပြုလုပ်ခဲ့သည်။

မယ်စကြဝဠာ မြန်မာ ၂၀၁၉ နောက်ဆုံး အဆင့် ယှဉ်ပြိုင်မှုများအား တွေ့ရစဉ်(ဆင်ဟွာ)

အဆိုပါ ပြိုင်ပွဲတွင် Titles ဆုများအဖြစ် Miss Healthy Skin ဆုအား အလှမယ် နိုနိုကေ က လည်းကောင်း ၊ Miss Best Swimsuit ဆုအား အလှမယ် ဆွေဇင်ထက် က လည်းကောင်း ၊ Miss Photogenic ဆုအား အလှမယ် မွှေးသက် က လည်းကောင်း အသီးသီး ရရှိခဲ့သည်။မယ်စကြဝဠာ မြန်မာ ၂၀၁၉ သရဖူအား ရရှိခဲ့သူ အလှမယ် သည် ယခုနှစ်တွင် ပြည်ပ၌ ကျင်းပမည့် ၆၈ ကြိမ်မြောက် မယ်စကြဝဠာ ၂၀၁၉ (Miss Universe 2019 ) ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။

မယ်စကြဝဠာ မြန်မာ ၂၀၁၉ နောက်ဆုံး အဆင့် ယှဉ်ပြိုင်မှုများအား တွေ့ရစဉ်(ဆင်ဟွာ)
မယ်စကြဝဠာ မြန်မာ ၂၀၁၉ အလှမယ် ဆွေဇင်ထက် ကို မယ်စကြဝဠာ မြန်မာ ၂၀၁၈ အလှမယ် နှင်းသွေးယုအောင်က သရဖူ လွှဲပြောင်း ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
ယခု ကျင်းပသော မယ်စကြဝဠာ မြန်မာ ၂၀၁၉ သည် မြန်မာနိုင်ငံ၌ ၇ ကြိမ်မြောက် ကျင်းပခဲ့ခြင်း ဖြစ်ပြီး မြို့ကြီးများမှ ကိုယ်စားပြု အလှမယ် ၂၆ ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
မြန်မာ နိုင်ငံသည် မယ်စကြဝဠာ ပြိုင်ပွဲကြီးသို့ ၁၉၅၉ ၊ ၁၉၆၀၊ ၁၉၆၁ ခုနှစ်တို့တွင် ဝင်ရောက် ယှဉ်ပြိုင် ခဲ့ပြီးနောက် ၂၀၁၃ ခုနှစ်တွင် ပြန်လည်၍ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
မယ်စကြဝဠာ ပြိုင်ပွဲကြီးသို့ မြန်မာနိုင်ငံမှ ၂၀၁၃ ခုနှစ်တွင် အလှမယ် မိုးစက်ဝိုင် ၊ ၂၀၁၄ ခုနှစ်တွင် သျှားထွဋ်အိန္ဒြေ ၊ ၂၀၁၅ ခုနှစ်တွင် မေဘရဏီသော် ၊ ၂၀၁၆ ခုနှစ်တွင် ထက်ထက်ထွန်း ၊ ၂၀၁၇ ခုနှစ်တွင် ဇွန်သံစဉ် နှင့် ၂၀၁၈ ခုနှစ်တွင် နှင်းသွေးယုအောင် တို့က သွားရောက် ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.