ရန်ကုန်၊ မေ ၂၄ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး၊ရန်ကင်းမြို့နယ်၊အမှတ်(၄)ရပ်ကွက်၊ကံဘဲ့လမ်းပေါ်ရှိ ကလေးကစားကွင်းမြေနေရာအား ယင်းမြေကွက် ပေါ်ရှိ အဆောက်အဦကို ရှင်းလင်းပြီး မြေယာအားပြန်လည်ဖော်ထုတ်မှု ပြုလုပ်ချိန်တွင် အားကစားကွင်းအဖြစ် စီစဉ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောကြားသည်။
ရန်ကုန်၊ မေ ၂၄ ရက် (ဆင်ဟွာ) မြန်မာ့ပင်လယ်ပြင်၌ ငါးသယံဇာတများ မျိုးသုဉ်း ပျောက်ကွယ်ခြင်းမှ ကာကွယ်စောင့်ရှောက်ရန်အတွက် ငါးမဖမ်းရ ရာသီအတွင်း ငါးဖမ်းရေယာဉ်များ၏ ၂ဝ ရာခိုင်နှုန်းကိုသာ အလှည့်ကျစနစ်ဖြင့် ငါးဖမ်းခွင့်ပြုထားကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရသိရသည်။
ရန်ကုန် ၊ မေ ၂၃ ရက်(ဆင်ဟွာ) ရာသီဥတုပြင်းထန်ခြင်းနှင့် ရာသီအကူးအပြောင်းကာလတွင် တိရစ္ဆာန်များ၌ ကူးစက်ရောဂါများ ကျရောက် ဖြစ်ပွား နိုင်ပြီး ပျက်စီးဆုံးရှုံးမှု များ ဖြစ်ပေါ်စေနိုင်သဖြင့် ကူးစက်ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် လိုက်နာ ဆောင်ရွက်နိုင်ရန် အသိပေးနှိုးဆော်ချက်များအား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ထုတ်ပြန်ခဲ့သည်။
ရန်ကုန်၊ မေ ၂၃ ရက် (ဆင်ဟွာ) အမြင့်ဆုံးဆုကြေးအဖြစ် ကျပ်သိန်း နှစ်သောင်းချီးမြှင့်မည့် ကျပ်တစ်ထောင် တန် အောင်ဘာလေထီ လာမည့် ၂ဝ၁၉ ခုနှစ်တွင် စတင်ဖွင့်လှစ်နိုင်ဖွယ် ရှိနေကြောင်း ပြည်တွင်းအခွန်များဦးစီး ဌာန၏ အောင်ဘာလေသိန်းဆု ဌာနခွဲမှ သိရသည်။
ရန်ကုန် ၊ မေ ၂၂ ရက်(ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး ၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ယခု ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်တွင် မိုးစပါး ၂၄၇၉ဝ ဧက စိုက်ပျိုး သွားရန် လျာထားကြောင်း တိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီး ဌာန ထံမှ သိရသည်။
ရန်ကုန်၊ မေ ၁၈ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ်၌ အဲကွန်း တပ်ဆင်ထားသော YBS ယာဉ်လိုင်းသစ်ကို မေလကုန်တွင် ပြေးဆွဲနိုင်ရန် စီစဉ်လျက်ရှိကြောင်း ရွှေတောင်ပိုင်း အများပိုင်ယာဉ်လိုင်း ကုမ္ပဏီ မန်နေးဂျင်း ဒါရိုက်တာဦးတင်ထွန်းထံမှ သိရသည်။
ရန်ကုန်၊ မေ ၁၅ ရက် (ဆင်ဟွာ) လှိုင်သာယာမြို့နယ်အတွင်းရှိ ထိန်ပင်အမှိုက်ပုံ မီးငြှိမ်းသတ်ရာတွင် ပါဝင်ဆောင်ရွက်ခဲ့ကြ သူများအား ချီးကျူးဂုဏ်ပြုထိုက်သူ အဖြစ် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ရွေးချယ်ခဲ့ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးက ထုတ်ပြန်ချက်အရ သိရသည်။
ရန်ကုန်၊ မေ ၇ ရက် (ဆင်ဟွာ) ရန်ကုန်မြို့ ဆူးလေရှန်ဂရီလာ ဟိုတယ်၏ Lifestyle & Wedding Fairနှင့် အာဆီယံ ဖက်ရှင် ဒီဇိုင်နာများပါဝင်သော ASEAN Fashion Designer Showcase(AFDS)တို့ ပူးပေါင်းပြီး ရန်ကုန်မြို့ ဆူးလေရှန်ဂရီလာဟိုတယ်တွင် ဖက်ရှင်ရှိုးပွဲကို နှစ်ရက် ကျင်းပမည်ဖြစ်ကြောင်း အဆိုပါပွဲကျင်းပရေးနှင့်...
ရန်ကုန်၊ မေ ၇ ရက် (ဆင်ဟွာ) ချင်းပြည်နယ်သို့ ခရီးသွားဝင်ရောက်မှုသည် နှစ်နှစ်တာအတွင်း နှစ်ဆခန့် တိုးတက်လာကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ မေ ၄ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်မြောက်ပိုင်း ပြည်ထောင်စုလမ်းမ ကြီးပေါ် ကွတ်ခိုင်နှင့် နမ့်ဖတ်ကာအကြားရှိ မိုင် ၂ဝ ရှည်သော ရှုခင်းသာတောင်ကြောလမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများသည် မေလအတွင်း ပြီးစီးမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။