Connect with us

Social

အော်တိုအိတ်ချိန်းများ အဆင့်မြှင့်တင်မှု ၂ဝ၁၉ ခုနှစ် ဇွန်လကုန်တွင် ပြီးစီးမည်

ရန်ကုန်မြို့တွင်းရှိ လိုင်းဖုန်းသုံးဆွဲနေသူ တစ်ဦးအားတွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန်၊ မေ ၂၈ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အော်တိုအိတ်ချိန်း ၄၃ ခုကို Multi Service Access Node (MSAN) အိတ်ချိန်းများဖြင့် အဆင့်မြှင့်တင် အစားထိုးလဲလှယ် ပေးလျက်ရှိရာ ၂ဝ၁၉ ခုနှစ် ဇွန်လကုန်ခန့်တွင် ပြီးစီးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောကြားသည်။

လက်ရှိ အော်တိုအိတ်ချိန်းများကို Voice သာမက Data ပါအသုံးပြုနိုင်သော ပိုမိုခေတ်မီကောင်းမွန်သည့် MSAN အိတ်ချိန်းများဖြင့် အဆင့်မြှင့်တင် အစားထိုးလဲလှယ်ပေးနေရာ ရန်ကုန်တိုင်းဒေသကြီး အတွင်း အော်တိုအိတ်ချိန်းလေးခုကို MSAN အိတ်ချိန်း ၅၂ ခုဖြင့် လဲလှယ်ပေးပြီး ဖြစ်ကြောင်း သိရသည်။

အော်တိုတယ်လီဖုန်းလိုင်း ဝန်ဆောင်မှု ပိုမိုကောင်းမွန်စေရေး တယ်လီဖုန်းလိုင်းပြုပြင် ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် ပြင်ပပုဂ္ဂလိက လုပ်ငန်းရှင်များအား ၂ဝ၁၄ ခုနှစ် မတ်လမှစ၍ လုပ်ငန်းအပ်နှံပြီး ဝန်ဆောင်မှုများ ဆောင်ရွက်ပေးလျက်ရှိရာ ယခုအခါ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့ရှိ အိတ်ချိန်းဧရိယာ ၁၂ ခု၌ လုပ်ငန်းအပ်နှံ ဆောင်ရွက်ပေးနေပြီး အိတ်ချိန်းဧရိယာများ တိုးချဲ့အပ်နှံမည် ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.