Connect with us

Social

ကျပ် ၅၈ သန်းကျော် တန်ဖိုးရှိ တရားမဝင် ပစ္စည်းများ ရေပူနှင့် မရမ်းချောင် အမြဲတမ်း စစ်ဆေးရေး စခန်းများတွင် ဖမ်းမိ

ရေပူအမြဲတမ်း စစ်ဆေးရေးစခန်းတွင် ဖမ်းမိခဲ့သည့် တရားမ၀င်သစ်များအား တွေ့ ရစဉ်(ဓာတ်ပုံ- Myanmaalinn)

ရန်ကုန် ၊ ဇွန် ၄ ရက်(ဆင်ဟွာ)

တရားမဝင်ကုန်စည်များ တားဆီးထိန်းချုပ်ရေးအတွက် ရေပူနှင့် မရမ်းချောင်အမြဲတမ်း စစ်ဆေးရေး စခန်း တို့တွင် တင်သွင်း၊ တင်ပို့သော ကုန်ပစ္စည်းများကို စစ်ဆေးမှု ပြုလုပ်ဆောင်ရွက်လျက် ရှိရာ ဇွန် ၂ ရက်တွင် တားဆီးမှု ခြောက်မှု ခန့်မှန်းတန်ဖိုး ငွေ ကျပ် ၅၈.၆ဝ၇ သန်း ခန့်အား ဖမ်းဆီး ရမိခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။

ထိုတားဆီးမှု ခြောက်မှုမှာ ရေပူအမြဲတမ်း စစ်ဆေးရေးစခန်းမှ တားဆီးမှု လေးမှု ခန့်မှန်း တန်ဖိုး ငွေကျပ် ၅၈.၃၄၆ သန်းခန့် မရမ်း ချောင် အမြဲတမ်း စစ်ဆေးရေးစခန်းမှ တားဆီးမှု နှစ်မှု ခန့်မှန်း တန်ဖိုးငွေကျပ် ဝ .၂၆၁ သန်းခန့် တို့ဖြစ်ကြောင်း သိရသည်။

ထူးခြားဖမ်းဆီးမှုအနေဖြင့် ဇွန် ၂ ရက်တွင် ရေပူအမြဲတမ်း စစ်ဆေးရေးစခန်း ပူးပေါင်း စစ်ဆေးရေး အဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်စဉ် ကင်တာ မော်တော် ယာဉ်တစ်စီးနှင့် ခရီးသည်တင် မော်တော် ယာဉ် တစ်စီးတို့ကို စစ်ဆေးခဲ့ရာ ယာဉ်ပေါ်တွင် တရားဝင်စာရွက်စာတမ်း အထောက် အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် ပိတောက်ဓားရွေ ၅၄ တုံး (၂ . ၄၃၆၈ တန်)၊ တမလန်း ဓားရွေ ၁၅ တုံး (ဝ . ၃၄၅၂ တန်) နှင့် ပစ္စည်းသယ်ဆောင်သည့်ယာဉ် နှစ်စီး စုစုပေါင်းခန့်မှန်း တန်ဖိုး ငွေကျပ် ၅၈.၃၄၆ သန်းခန့်အား တွေ့ရှိ၍ ဖမ်းဆီးခဲ့ကြောင်း သိရသည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117