Connect with us

Social

သန်လျင်မြို့နယ်တွင် မော်တော်ဆိုင်ကယ်ရပ်နားရန် ယာဉ်ရပ်နားစခန်း ၂ ခုကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် တိုးချဲ့ဆောင်ရွက်မည်

သန်လျင်မြို့အဝင်ဆိုင်းဘုတ်အားတွေ့ရစဉ် (ဓာတ်ပုံ--အင်တာနက်)

ရန်ကုန်၊ ဇွန် ၂၀ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်အတွင်းတွင် မော်တော်ဆိုင်ကယ် အငှားယာဉ်(ဆိုင်ကယ် ကယ်ရီ) များ ရပ်နားနိုင်ရန် ဗိုလ်ချုပ်နေဝင်းလမ်းနှင့်မြို့မဈေးလမ်းကြားရှိ နေရာ (၂) ခုအား ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန်ဦးမောင်မောင်စိုးက ပြောသည်။

“သန်လျင်မြို့မှာမော်တော်ဆိုင်ကယ် ယာဉ်ရပ်နားစခန်းတွေကို ထပ်တိုးချဲ့ဖို့ကတော့ မြို့မဈေးပတ်ဝန်းကျင်မှာ မော်တော်ဆိုင်ကယ် အဌားယာဉ်(ဆိုင်ကယ် ကယ်ရီ) တွေကို စနစ်တကျ ဘေးထိုး ရပ်နားဖို့အတွက်လည်း အခုဖွင့်လှစ်ထားတဲ့ ယာဉ်ရပ်နားဖို့ နေရာနှစ်ခုအပြင် နောက်ထပ် နေရာ(၂)နေရာကိုလည်း မော်တော်ဆိုင်ကယ် အဌားယာဉ်(ဆိုင်ကယ် ကယ်ရီ)တွေ ဂိတ်ထိုးဖို့နေရာတစ်ခုအဖြစ်လည်း ထပ်မံတိုးချဲ့ဆောင်ရွက်သွားဖို့ အစီအစဉ်ရှိပါတယ်။”ဟု မြို့တော်ဝန်က ပြောကြားသည်။

ထပ်မံတိုးချဲ့မည့် မော်တော်ဆိုင်ကယ်ယာဉ်ရပ်နားစခန်းများမှာ သန်လျင်မြို့အတွင်းရှိ ဗိုလ်ချုပ်နေဝင်းလမ်းနှင့် မြို့မဈေးလမ်းကြားရှိ အလျား(၁၉၂)ပေ×အနံပေ(၂၀)၊ နောက် အလျားပေ(၂၃၄)×အနံ(၂၃)ပေရှိသည့် နေရာ(၂)နေရာ ဖြစ်ကြောင်း သိရသည်။

“ဂိတ်ထိုးရပ်နားမှုကို စဉ်ဆက်မပြတ် အရေးယူနိုင်ဖို့အတွက်လည်း ယာဉ်စည်းကမ်းထိန်းသိမ်းရေး ဝန်ထမ်းတွေအပြင် ဝန်ထမ်းတွေ ထပ်မံတိုးချဲ့ခန့်ထားရေးအတွက်လည်း သန်လျင်မြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့ကို ညွှန်ကြားသွားမှာ ဖြစ်ပါတယ်။ ဒီကိစ္စက အများပြည်သူနဲ့ သက်ဆိုင်တဲ့ လုပ်ငန်းဖြစ်တဲ့အတွက် ဒီလုပ်ငန်းတွေ အောင်မြင်ဖို့ကိုလည်း မြို့နယ်အုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့နဲ့လည်း ပေါင်းစပ် ညှိနှိုင်းသွားဖို့ အစီအစဉ်ရှိပါတယ်။ သတ်မှတ်ထားတဲ့ စည်းကမ်းတွေကတော့ ရှိပြီးသားပါ။ သို့သော်လည်း ကြီးကြပ်မှု အစဉ်အဆက်အရ အားနည်းနေတဲ့အတွက်ကြောင့် ကြီးကြပ်မှုကို ပြန်မြှင့်တင်နေပါတယ်။ မော်တော်ဆိုင်ကယ် အငှားယာဉ်(ဆိုင်ကယ် ကယ်ရီ)တွေနဲ့ လိုင်စင်မဲ့ ယာဉ်မောင်းလိုင်စင်တွေ ရှိ၊မရှိ ၊ ကုန်းလမ်းသယ်ယူပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲတွေကလည်း ကြီးကြပ်ဆောင်ရွက်ဖို့လည်း အစီအစဉ်ရှိပါတယ်။”ဟု မြို့တော်ဝန်က ဆက်လက်ပြောသည်။

သန်လျင်မြို့နယ်၊ မြို့မဈေး၏ ပတ်ဝန်းကျင်တွင် နေ့စဉ်မော်တော်ယာဉ်အစီး(၄၀၀)ခန့်နှင့် မော်တော်ဆိိုင်ကယ်အစီးရေ(၁၃၀၀)ခန့်ရပ်နားလျက်ရှိကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးတွင် သန်လျင်မြို့နယ်တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးအောင်နိုင်ထွန်းက မော်တော်ဆိုင်ကယ်စီးနင်းခွင့်ရှိသော ရန်ကုန်မြို့တော် စည်ပင်သာယာရေးနယ်နိမိတ်ပြင်ပ မြို့နယ်များတွင် မော်တော်ဆိုင်ကယ်အငှားယာဉ်(ဆိုင်ကယ် ကယ်ရီ)များကို ဥပဒေနှင့်အညီ ယာဉ်ရပ်နားစခန်းများသတ်မှတ်၍ ကြီးကြပ်ဆောင်ရွက်ပေးရန် မေးမြန်းသည့် မေးခွန်းနှင့် စပ်လျဉ်းပြီး မြို့တော်ဝန်က အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.