Connect with us

Social

ရွာသာကြီး၌ အကောင်အထည်ဖော် တည်ဆောက်လျက် ရှိသည့် ကုန်းတွင်းဆိပ်များ နှစ်ကုန်ပိုင်းတွင် လုပ်ငန်းများ ပြီးစီးရန် လျာထား

ကုန်းတွင်းဆိပ်များ တည်ဆောက်နေမှုများအား တွေ့ ရစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန် ၊ မေ ၂၈ ရက်(ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး ၊ ဒဂုံမြို့သစ် အရှေ့ပိုင်း မြို့နယ် ရွာသာကြီး၌ အကောင်အထည်ဖော် တည်ဆောက် လျက် ရှိသည့် ကုန်းတွင်း ဆိပ်များ (DRY PORTS)ကို ယခု နှစ်ကုန်ပိုင်းတွင် လုပ်ငန်းများ ပြီးစီးရန် လျာထား သတ်မှတ် ဆောင်ရွက် နေကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်သော သတင်း အရ သိရသည်။

ရွာသာကြီး၌ အကောင်အထည်ဖော် တည်ဆောက်လျက်ရှိသည့် ကုန်းတွင်း ဆိပ်များ တည်ဆောက် မှုများအား KM Terminal & Logistics Limited ကုမ္ပဏီ နှင့် RESOUCES GROUP LOGISTICS Co.,Ltd တို့မှ ဧရိယာအကျယ်အဝန်း ဧက ၄၀ စီ တာဝန်ယူ ဆောင်ရွက်လျက် ရှိပြီး လုပ်ငန်း များပြီးစီးပါက သီလဝါ-ရွာသာကြီး-မြစ်ငယ်တို့အကြား ကုန်သေတ္တာ ရထားတွဲများ ပြေးဆွဲကာ ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှုများ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ကုန်းတွင်း ဆိပ်များ (DRY PORTS) တည်ဆောက်နေမှု အခြေအနေများအား ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် နှင့် တာဝန်ရှိသူများသည် မေ ၂၆ ရက်တွင် သွားရောက် ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.